Uni,
The Matching Guys (Part 44)
Luckyတစ်ယောက် သူ့သခင်ပြန်လာ၍ အလွမ်းသယ်နေပြီး ပုခုံးေပါ်မှမဆင်းတော့ပေ။
ခွန်းသန့်နောင် ဘီစကစ်မုန့်ဝိုင်းလေးအားကျွေးရင်း" မင်းကငါ့သတိရတယ်ပေါ့ မတွေ့ရလို့ပျော်နေမယ်ထင်တာ "
Luckyကဘာမှပြန်မပြောပဲ နှုတ်သီးဖြင့် ခွန်းသန့်နောင်ပါးအား နမ်းသယောင်ပြုလေသည်။
......
တပတ်ကြာပြီးသည့်နောက်တွင်တော့ မင်းညီညီလည်း ဆေးရုံဆင်းရပြီဖြစ်သလို စဝ်ခွန်သာမှိုင်းကလည်းUK အင်္ဂလန်သို့သွားရမည်ဟုဆိုလာသည်။
" ဘာကိစ္စရှိလို့ အဲ့ထိသွားရမှာလဲ။ ကျွန်တော်လိုက်လို့ရလား"
" အလုပ်ကိစ္စ...မင်းမလိုက်ရဘူး။ရှုပ်တယ်။"
ခွန်သာမှိုင်းက ခပ်ပြတ်ပြတ်ဆိုသော်လည်း ခွန်းသန့်နောင်မှာလက်မလျော့။" အဲ့ဒါဆို ဘာအလုပ်ကိစ္စလဲ ကိုကို ရှင်းရှင်းလေးပြောပြပေး။ တစ်ခုခုသိရမှ ဖြစ်မယ်။"
" ငါရှယ်ယာ၀င်ထားတဲ့ company မှာ ကျောက်မြတ်ရတနာလေလံပြပွဲကြီးရှိတယ်။ အဲ့ကိုသွားရမှာတစ်ခြားကိစ္စလေးတွေလည်းရှိသေးတယ် မင်းကိုပြောပြလည်းသိမှာမဟုတ်ဘူး"
" ကျွန်တော်လည်း လိုက်ချင်တယ်ဗျာ"
" မလိုက်ရဘူး ငါအလုပ်သွားလုပ်မှာ အပျော်သွားတာမဟုတ်ဘူး။ မင်းကဆေးရုံမှာ ကိုယ့်အလုပ်ကိုသေချာလုပ်"
ခွန်းသန့်နောင်က စိတ်ပျက်လက်ပျက်ဖြင့်ပြန်ပြောသည်။
" ကိုကိုမရှိရင် အလုပ်မလုပ်ချင်ဘူး"" နောင်ငယ် ငါအချိန်မရှိဘူး။ မင်းဂျီကျတာကိုနားမထောင်နိုင်ဘူး။
မလိုက်ရဘူးဆို မလိုက်ရဘူးပဲ"
ပြောပြီး နက်ကတိုင်ကို ဆွဲချွတ်ကာ သူ့အခန်းသူပြန်မယ်လုပ်တော့
ခွန်းသန့်နောင်က တားရင်း ခွန်သာမှိုင်းကိုယ်ပေါ်ခုန်တက်ကာခွဖက်လိုက်သည်။အရပ်188cmရှည်သည့် ခွန်သာမှိုင်းပေါ် 182 cmရှည်သည့် ခွန်းသန့်နောင်က မျောက်လိုကပ်တွယ်ကာကုပ်တက်နေသည်မှာ သိပ်တော့အဆင်မပြေလှ။
ကို့ယို့ကားယားနိုင်လှသည်။
YOU ARE READING
The Matching Guys (Top)
Romanceစဝ်ခွန်သာမှိုင်း🖤 စိုင်းခွန်းသန့်နောင် Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed)