Uni...
The Matching Guys(Part 17)
ခွန်းသန့်နောင်တို့ ငွေဆောင်တွင် ၃ရက်ခန့်နေမှာဖြစ်ပြီး ယခုတွင်မူ ၂ရက်ခန့် လည်ရင်းပတ်ရင်း ဆော့ရင်းစားရင်း အချိန်ကုန်ဆုံးသွားပြီးဖြစ်သည်။မြွေကျွန်း၊ဘုရား၃ဆူ၊ ငှက်ကျွန်းနှင့် ချစ်သူများကျွန်းတွေကိုသွားလည်ခဲ့ကြသည်။
၃ရက်မြောက်နေ့တွင်တော့ ဘယ်မှာမသွားတော့ပဲ ပင်လယ်ကမ်းစပ်တွင်သာရေဆော့ကစားနေကြသည်။ထိုသို့ပင်လယ်ရေထဲ ပျော်ရွှင်စွာဆော့ကစားနေသောလူများထဲတွင်
စဝ်ခွန်သာမှိုင်းတော့မပါ၀င်ပေ။
နေပူဆာလှုံသည့်ခုံပေါ်မှီထိုင်ရင်း စာအုပ်တစ်အုပ်ကိုဖတ်နေကာ ခွန်းသန့်နောင်တို့အုပ်စုကိုတော့ တစ်ချက်တစ်ချက်သာကြည့်သည်။
အဆော့လွန်သော ခွန်းသန့်နောင်နဲ့သူ့သူငယ်ချင်းများ၏အသားရည်မှာ နေလောင်တာရော ပင်လယ်လေတွေရေတွေကြောင့်ရော မူရင်းအသားရောင်ပျက်စီးပြီးအနည်းငယ်ပင်ညိုကုန်ကြပြီဖြစ်သည်၊" တော်ပြီ တော်ပြီ ငါရေသွားချိုးတော့မယ်"
ပြောရင်း ခွန်းသန့်နောင်ကပြန်ဖို့ပြင်သည်။" မင်းကလည်း ဒီနေ့ငွေဆောင်မှာနောက်ဆုံးပျော်ရတဲ့ရက်နော် ထပ်မဆော့တော့ဘူးလား"
ခြံရံလင်းကသတိပေးတော့ ခွန်းသန့်နောင်ကမျက်နှာရှုံ့ပြရင်း" ရေငန်ငန်ကြီးတွေကြောင့် ငါ့လျှာတွေအာခေါင်တွေပါနေရခက်နေပြီ"
"ဟုတ်တယ် ငါ့အသားဆိုလည်းမဲလာလိုက်တာမှ ေကျာင်းဖွင့်ရင်ငမဲကောင်လို့ခေါ်ခံရတော့မယ်။ခွန်းသန့်နောင် မင်းကမှတော်သေးတယ် အစထဲကအသားအရမ်းဖြူတော့ သိပ်မမဲဘူး"
ဆိုကာမင်းညီညီက၀င်ညည်းတွားလေသည်။"မင်းတို့ဆက်ဆော့ချင်ဆော့ ငါတော့ ရေသွားချိုး အုန်းရည်လေးသောက်ပြီး ကိုကိုဘေးပဲသွားနေတော့မယ်"
ခွန်းသန့်နောင် သူ့ဘောကွင်းလေးကိုယူပြီး ကုန်းပေါ်ပြန်တက်ဖို့လုပ်တာကြောင့် သူ့သူငယ်ချင်းတွေကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မဲ့ပြလိုက်ကြသည်။" မဖြစ်တော့ဘူး ဒီသစ္စာဖောက်ဖို့ကြံနေတဲ့တစ်ယောက်ကိုပညာပြမှဖြစ်တော့မယ်။"
ဟုပြောရင်း မင်းကိုကိုနဲ့ မင်းညီီညီက အချင်းချင်းမျက်စပစ်လိုက်ကြကာ ခွန်းသန့်နောင်အား ပင်လယ်ထဲအတင်းပြန်ဆွဲခေါ်ကြသည်။
STAI LEGGENDO
The Matching Guys (Top)
Storie d'amoreစဝ်ခွန်သာမှိုင်း🖤 စိုင်းခွန်းသန့်နောင် Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed)