Uni..
The Matching Guys (Part 22)
ခေါင်းတစ်ခုလုံးနီးပါး ရေထဲသို့နှစ်ခံလိုက်ရတာကြောင့် ခွန်းသန့်နောင်မှာ အသိ၀င်လာပြီးလန့်ဖြန့်သွားရသည်။
ရုန်းပေမဲ့လည်း သူ့ခေါင်းအားဖိကိုင်ထားသည့်လက်မှာ သန်မာလွန်းတာကြောင့် အရာမထင် ။ခဏကြာမှ ခွန်သာမှိုင်းက သူ့အားရေထဲမှပြန်ဆွဲတင်လိုက်သည်။
ခွန်းသန့်နောင် လေကိုပြန်ရှူရှိုက်ရသော်လည်း ရေမွန်းထားတာကြောင့်ချောင်းတွေပါဆိုးလာပြီး အသက်၀၀မရှူနိုင်သေးပေ။
သို့ပေမဲ့ အသိ၀င်သည်နှင့်တစ်ပြိုက်နက် စိုင်းခွန်းသန့်နောင် ပါးစပ်ကဆဲဆိုသံထွက်လာသည်။" အဟွတ် အဟွတ်…. ငါ ိုး ဘယ်ကောင်ငါ့ကိုဒီလိုလုပ်ရဲတာလဲ"
ခွန်းသန့်နောင်မှာ ဒေါသတကြီးနီရဲနေသည့်မျက်လုံးများဖြင့် သူ့နောက်ကလူကိုလှည့်ကြည့်လိုက်သည်။
ခွန်သာမှိုင်း၏မျက်နှာကိုမြင်လိုက်သည်နှင့် ခွန်းသန့်နောင် ထပ်ဆဲရန်ပြင်ဆင်ထားသည့် စကားလုံးများကို အရှိန်သတ်ပြီး ကိုယ်တွင်းသို့ပြန်မြိုချလိုက်လေသည်။
ပြီးနောက် တုန်ရီစွာ စကားဆိုသည်။" ကိုကို…"
ခွန်သာမှိုင်း သူ့လက်ညိုးကို ခွန်းသန့်နောင်နဖူးထဲစိုက်၀င်မတက်ဖိထိုးရင်း အံကြိတ်ကာပြောသည်။
" မင်း ေစာက်မျက်လုံး အခုငါ့ကိုမြင်ပြီးပေါ့ ဟမ် ေစာက်အသိတွေရော၀င်လာရဲ့လား။ ထပ်ပြီးအမြင်အာရုံတွေသေချာရှင်းအောင်လုပ်ပေးရအုံးမလား"ခွန်းသန့်နောင်မှပါးစပ်ဟလျက်ဘယ်ကစပြောရမလဲအသဲအသန်စဥ်းစားနေသည်။
" ကိုကို … ကျွန်တော် "
စဝ်ခွန်သာမှိုင်း… ခွန်းသန့်နောင်ကို တွန်းထုတ်လိုက်ပြီး ဆက်ပြောသည်။
" အင်း မင်းရဲ့$ဆင်ခြေတွေကို သေသေချာချာပြန်ရှာထားလိုက်အုံး ဟုတ်ပြီလား"ထိုသို့ပြောပြီး ခွန်သာမှိုင်းက ရေချိုးခန်းအပြင်ပြန်ထွက်လိုက်သည်။
ခွန်းသန့်နောင်ကလည်း ကမန်းကတန်း ခွန်သာမှိုင်းနောက်လိုက်ရင်း
YOU ARE READING
The Matching Guys (Top)
Romanceစဝ်ခွန်သာမှိုင်း🖤 စိုင်းခွန်းသန့်နောင် Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed)