Uni,
The Matching Guys (Part 29)
ရုတ်တရက်ကြီးပြေးထွက်သွားတဲ့ ခွန်းသန့်နောင်နောက် ခြံရံလင်းနဲ့ မင်းညီညီပါပြေးလိုက်ခဲ့ရသည်။
" ဟျောင့် ဘာဖြစ်လို့လဲ ဘာမြင်လိုက်လို့လဲ"
" ကိုကိုက အကောင်တစ်ကောင်နဲ့အတူ hotelထဲကထွက်လာတယ် ။ မင်းတို့မမြင်လိုက်ဘူးလား"
ခြံရံလင်းကခေါင်းခါရင်း
" ဟင့်အင်း သတိမထားမိလိုက်ဘူး"ခွန်းသန့်နောင်မှာ ဒေါသတကြီးပြောသည်။
" ငါ့ကိုဒီနေ့ အလုပ်လုပ်စရာရှိတယ်ပြောထားတာ။ ငါ ိုးအခုတော့ကွာ ဘယ်ကမှန်းမသိတဲ့ ကောင်နဲ့"" မင်းအစ်ကိုဆိုတာသေချာလို့လား"
မင်းညီညီကမေးတော့ ခွန်းသန့်နောင်က" သေချာတယ် သေချာလွန်းလို့"
ပြန်ပြောပြီး စဝ်ခွန်သာမှိုင်းဆီ ဖုန်းဆက်လိုက်သည်။ သို့ပေမဲ့ မကိုင်ပေ။"F*ck"
ဟု အော်ဆဲရင် ခွန်းသန့်နောင် လျှောက်လမ်းတွင် အလှထား ထားသည့် ပန်းအိုးကြီးအား စောင့်ကန်လိုက်တာကြောင့် ပန်းအိုးမှာ အစိတ်အမွှာမွှာ ကွဲကြေကုန်တော့သည်။ခြံရံလင်းက ခွန်းသန့်နောင်ပုခုံးကိုကိုင်ရင်း
" ဟုတ်ပြီ ခွန်းသန့်နောင် ခဏစိတ်ထိန်းစမ်းပါ။ ဘယ်သူလဲ သိရအောင် ငါcctvကြည့်ပေးမယ်"ခွန်းသန့်နောင် ပင့်သက်ပြင်းပြင်းရှိုက်လိုက်ကာ
" အင်း အဲ့သူတောင်းစားက ဘယ်ကကောင်လဲ သိရမှ ဖြစ်မယ်။ ရာရာစစငါ့အပိုင်နဲ့များ လာပတ်သတ်ရတယ်လို့"Cctvကိုကြည့်ပြီးသည့်နောက်တွင် ခွန်းသန့်နောင်ပိုစိတ်တိုလာရသည်။
ခွန်သာမှိုင်းက ထိုကောင်လေးနဲ့ အခန်းထဲတွင် တစ်နေကုန်နေပြီ ညဘက်မှ ပြန်ထွက်လာတာဖြစ်သည်။
ခွန်းသန့်နောင်ရင်ထဲ မီးတွေတောက်လောင်နေကာ hotelတစ်ခုလုံးကိုပါ ဗုံးဖောက်ခွဲပစ်လိုက်ချင်သည့်စိတ်တွေ ၀င်လာသည်။စဝ်ခွန်သာမှိုင်းကသူ့အပိုင်ဟုသာအမြဲတွေးထားတာကြောင့်
သစ္စာဖောက်ခံလိုက်ရသည်ဟုသာ သူ့စိတ်ထဲကြီးစိုးနေသည်။ခွန်သာမှိုင်းနဲ့ အတူရှိသည့် ထိုချစ်စဖွယ်ကောင်လေးအားလည်း တစ်စစီဆုတ်ဖြဲပစ်ချင်နေသည်။
သူငယ်ချင်းမိန်းမလင်ငယ်ထားတာ လိုက်ဖြေရှင်းပေးရင်း အခုတော့ သူပါဖောက်ပြန်ခံလိုက်ရသည့်သူလို ခံစားနေရပြီဖြစ်သည်။
နောက်ထပ်စိတ်တိုရသည့် အချက်က ထိုကောင်လေးကြောင့် ခွန်သာမှိုင်းကသူ့အား အမြဲလျစ်လျူရှုကာ အေးတိအေးစက် ဆက်ဆံသည်ဟုထင်မိသွားတာဖြစ်သည်။
YOU ARE READING
The Matching Guys (Top)
Romanceစဝ်ခွန်သာမှိုင်း🖤 စိုင်းခွန်းသန့်နောင် Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed)