အပိုင်း ၃၂( Psycho father)

27.7K 1.9K 46
                                    

Uni,

The Matching Guys (Part 32)

နောက်တစ်နေ့မနက်တွင် စဝ်ခွန်သာမှိုင်းကအရင်နိုးလာခဲ့သည်။ သူဘေးတွင်အိပ်ပျော်နေသော
ခွန်းသန့်နောင်အား ခဏမျှငေးစိုက်ကြည့်မိသည်။ ဖြူဖွေးနေသည့်အသားအရည်ထက်တွင် သူချန်လှပ်ထားခဲ့သောအမှတ်အသားများကိုလည်း ထင်ရှားစွာတွေ့ရသည်။
ခွန်သာမှိုင်း ကိုယ်တိုင်ပင်မသိလိုက်ပါပဲ ခွန်းသန့်နောင်၏ဖရိုဖရဲဖြစ်နေသော အဖြူရောင်ဆံသားအချို့အား ပွတ်သပ်မိလိုက်လေသည်။

မနေ့ညကအဖြစ်အပျက်အား သူရှင်းရှင်းလင်းလင်းကြီးကိုမှတ်မိတာဖြစ်သည်။မလုပ်သင့်ဘူးဆိုသည့်အတွေးမျိုးလည်းတစ်စက်လေးမျှ၀င်မနေ။
ခွန်းသန့်နောင်နေရာမှာတစ်ခြားတစ်ယောက်ဆိုလျှင် ဒီလိုကိစ္စမျိုးဖြစ်လာစရာအကြောင်းမျိုးမရှိ။ မနေ့ညကသူ့လုပ်ရက်အား နောင်တမရပေမဲ့ တစ်ခုစိတ်ညစ်ရမှာက ခွန်းသန့်နောင်နိုးလာသည်နှင့် သူ့အားအရင်ကထက်ပို၍ကပ်တော့မည်မှာကျိန်းသေပင်ဖြစ်သည်။။

ခွန်းသန့်နောင်နိုးလာလျှင် ထွေထွေထူးထူးအကြောင်းပြချက်ပေးစရာမျိုးကလည်းရှိမနေပေ။
  သူ့စိတ်တွေလွတ်ထွက်သွားသည်ဟုအကြောင်းပြရအောင်ကလည်း မဟုတ်သေး ဘယ်တော့မဆို ခွန်းသန့်နောင်နဲ့ပတ်သတ်တိုင်း သူ၏သာမာန်ဖြစ်နေသောအခြေအနေကပြောင်းလဲသွားတက်တာကပုံမှန်လိုပင်ဖြစ်နေပြန်သည်။။
ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေသူမသိတော့။ လူသားတစ်ယောက်အနေနှင့် လုပ်သင့်လားမလုပ်သင့်လားသူမစဥ်းစားမိချေ။

တစ်ခါတလေ သူ့ရက်စက်မှုတွေက သူ့အဖေနှင့်ပင်တူလာပြီဟုစဥ်းစားမိသည်။ အမှန်တကယ်ကိုငယ်စဥ်ထဲက သူ့အဖေ၏သွေးများက သူ့ခန္ဓာကိုယ်ထဲတွင်စီးဆင်းနေတာဖြစ်သည်။ သူ့အဖေကဲ့သို့သော သွေးအေးရက်စက်သည့်မကောင်းဆိုးဝါးတစ်ကောင်မဖြစ်အောင် ကြိုးစားနေသော်လည်း
တစ်ခါတလေ တစ်ချို့ကိစ္စတွေမှာ သူ့အဖေလမ်းစဥ်တွေအတိုင်းလိုက်မိစမြဲပင်။သို့ပေမဲ့သာမာန်လူသားတစ်ယောက်နှင့်တူအောင်တော့ သူအကောင်းဆုံးကြိုးစားနေဆဲ။ ခွန်းသန့်နောင်နှင့်ပတ်သတ်မှသာ စိတ်တွေမထိန်းနိုင်ဖြစ်ရတာဖြစ်သည်။

The Matching Guys (Top)Where stories live. Discover now