အပိုင်း ၆၀ ( ကယ်ဆယ်ခြင်း အဆင်ပြေစွာပြီးဆုံး)

23.4K 2.2K 121
                                    

Uni.,

The Matching Guys( Part 60)

စဝ်ခွန်သာမှိုင်း သေနတ်အား ကျည်အပြည့်ဖြည့်ပြီးနောက်သူ့အင်္ကျီအတွင်းအိတ်ကပ်ထဲ ထည့်လိုက်သည်။
မြတ်မင်းကလည်း ထိုနည်းတူစွာပင်။

မင်းညီညီမှာ သူတို့နှစ်ယောက်အား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေပြီး သေနတ်တွေဘယ်လိုပါလာတာလဲဟုလည်းမမေးရဲပေ။

" အကုန်အဆင်သင့်ပြင်ဆင်ပြီးပါပြီ။ "

သူတို့အကုန်လုံး ချိန်းထားသည့်နေရာသို့သွားရန်ပြင်ကြသည်။
မင်းညီညီမှာရင်တုန်နေဆဲပင်။ တစ်ခုခုမတော်တဆ ဒဏ်ရာရရင်တောင် ချက်ချင်း ထွက်ခွာ၍မြစ်ကြီးနားဆေးရုံအရေးပေါ်တင်ဖို့ Helicopter ကအစ
မြတ်မင်းတို့ကအဆင်သင့်ပြင်ဆင်ပြီးသားဖြစ်သည်။
ဖားကန့်ဆေးရုံးကြီးတွင် ဆေးပစ္စည်းကိရိယာအစုံအလင်မရှိပေ။

ခွန်သာမှိုင်းနှင့် မြတ်မင်းတို့မှာ အကုန်ထောင့်စေ့အောင်တွေးတောထားကြသော်လည်း မင်းညီညီမှာစိတ်မအေးနိုင်။ အကယ်၍ ခွန်းသန့်နောင်လွှတ်လျှင်တောင် ခွန်သာမှိုင်းထိခိုက်နိုင်ချေကရှိနေသေးသည်။

ခွန်သာမှိုင်း၏ အဓိကတစ်ခုတည်းသော ရည်ရွယ်ချက်မှာ ခွန်းသန့်နောင်၏အသက်က ထိုလူ၏သေနတ်အောက်မှာရှိမနေဖို့ပင် ကျန်သည့်ကိစ္စများထက် ထိုဟာကပိုအရေးကြီးသည်။

ကားပေါ်တွင် မင်းညီညီတစ်ယောက် စိတ်လှုပ်ရှား၍ ငြိမ်ငြိမ်မနေနိုင်
ချွေးစေးများပင်ပြန်နေသော်လည်း ခွန်သာမှိုင်း၏မျက်နှာအမူအယာကတော့ တည်တည်ငြိမ်ငြိမ်ပင်။ သို့ပေမဲ့ တစ်ခုခုကိုတွေးတောနေဟန်တော့ရှိသည်။

မြတ်မင်းက မင်းညီညီကိုကြည့်လာရင်း
" အစထဲက နေခဲ့ဖို့ပြောထားတယ်ထင်တယ်။ အခုကဘယ်လိုဖြစ်နေတာလဲ"

မင်းညီညီက သူ့ခေါင်းကပတ်တီးလေးကို ကိုင်ကာ
" ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေလို့ပါ အခုကိစ္စကြီးက အန္တရာယ်များတဲ့ဟာကို။ ကျွန်တော့်ကြောင့်စတဲ့ပြဿနာဆိုတော့ ပိုစိုးရိမ်တယ်။
တကယ်က ကျွန်တော်ကိုယ်တိုင်ဖြေရှင်းသင့်တာကို"

The Matching Guys (Top)Where stories live. Discover now