အပိုင်း ၆၃(တစ်ခန်းထဲအတူအိပ်နိုင်ရန် ကြိုးစားခြင်း)

25.1K 2.3K 162
                                    

Uni,

The Matching Guys (Part 63)

ခြံရံလင်းနဲ့ ထက်ဝေဦးတို့နှစ်ဦး ေရွှတိဂံုဘုရားပေါ်တွင် ဆီမီးထွန်းဆုတောင်းပြီး ပြန်ရန်ပြင်ကြသည်။

ဘုရားရင်ပြင်ပေါ်တွင် ဆီမီးရောင်စုံများဖြင့် လင်းလက်နေပြီး
လူအများအပြားလည်းရှိလေသည်။

ခြံရံလင်းက အရင်ရှိခိုးပြီးသည်ဖြစ်၍ မပြီးသေးသည့် ထက်ဝေဦးအားခဏစောင့်လိုက်ရသေးသည်။

" ဒေါက်တာ အကြာကြီးပဲ ဘာတွေဆုတောင်းနေတာလဲ"

ထက်ဝေဦးက ငြင်သာသောအသံဖြင့်ပြန်ဖြေသည်။
" ငါတို့မိသားစုကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ရယ်
ပြီးတော့တစ်ခြားလူသူခပ်သိမ်းသတ္တဝါအားလုံး အပူမီးတွေငြိမ်းအေးချမ်းဖို့ရယ်"

" ကျွန်တော့်အတွက်ရောဆုမတောင်းပေးဘူးလား"

" မင်းကလူမဟုတ်ဘူးလား ပါတယ်လေ။ မင်းရောဘာတွေဆုတောင်းလဲ"

" ထွေထွေထူးထူးမရှိပါဘူး။ဒီတိုင်းကန်တော့လိုက်တာပဲ"

ထက်ဝေဦးအနည်းငယ်ပြုံးမိသည်။ ဟုတ်တယ်လေ အရာရာပြည့်စုံနေတဲ့
ခြံရံလင်းလိုလူက ဘာတွေဆုတောင်းစရာလိုပါ့မလဲ။

ထို့နောက် ခြံရံလင်းတို့ ရွှေရောင်တောက်ပနေသည့် ဘုရားပေါ်မှဆင်းရန်ပြင်ကြသည်။

ပြေးလွှာနေသောကလေးအုပ်စုမှာ ထက်ဝေဦးအား တွန်းတိုက်ကာသွားသည်မို့
ရင်ပြင်ပေါ်ပစ်လဲပြီး ထင်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်လေးအား ခြံရံလင်း၏တောင့်တင်းသန်မာသော လက်တွေဖြင့်ထိန်းကိုင်ပေးလိုက်လေသည်။

" ကျစ် ဒီကလေးတွေကတော့ ေဒါက်တာအဆင်ပြေရဲ့လား.."

" အင်း ရ..ရပါတယ်"
ထက်ဝေဦး ရတယ်ပြောလိုက်ပေမဲ့ ခြေထောက်ခေါက်သွားတာကြောင့် အနည်းငယ်နာကျင်နေသည်။

ထို့ကြောင့် ခြံရံလင်းကပဲသူ့ကိုယ်လေးအားတွဲကူပြီး အောက်သို့ဆင်းလာရသည်။

အောက်ရောက်တော့ ခြံရံလင်းက ထက်ဝေဦးအား ကားထဲထိုင်ခိုင်းအား
" ခဏနော်" ဟုပြောပြီး ရေခဲထုပ်အပြေးသွား၀ယ်လိုက်သည်။

The Matching Guys (Top)Where stories live. Discover now