အပိုင်း ၆၂( အနားမှထွက်သွားခွင့်မရှိတော့ပေ )

25K 2.1K 109
                                    

Uni,

The Matching Guys (Part 62)

ခွန်း​သန့်​နောင်မှာ ခွန်သာမှိုင်းပြောတာတွေနားထောင်ရင်း ဒီလူသားလေးရဲ့ စိုးရိမ်ပူပန်မှုအလုံးစုံကိုသိလိုက်ရသည်။
ဒီတစ်လျှောက်လုံး ဘယ်လောက်ပင်ပန်းနေခဲ့လိမ့်မလဲ။

မွေးဖွားလာသည့်အခါ မိဘရွေးချယ်ခွင့်ရှိမနေပေမဲ့ ခွန်သာမှိုင်း၏အမှားတွေအစအဆုံးတစ်ခုမှမရှိဘူးဆိုတာသူယုံကြည်သည်။
ရှင်သန်လာရသည့်ပတ်၀န်းကျင်ကြောင့် ခံစားချက်မဲ့သည့်သူတစ်ဦးနှယ်ဖြစ်ခဲ့ရမှန်းသိသည်။

ဒီလူသားလေးကဘာကြောင့်အချစ်ခံဖို့မတန်ရမှာလဲ။ တစ်ခြားသူတွေတန်ဖိုးမထားရင်တောင် သူ့အတွက်တော့တန်ဖိုးမဖြတ်နိုင်သည့်သူပင်။
အေးစက်တည်ငြိမ်မှုတွေကိုလွှမ်းခြုံထားသည့် ဒီလူသားကသူ့အားအနွေးဓါတ်တွေအများကြီးပေးခဲ့သည်။

မျော့တစ်ကောင်လိုတွယ်ကပ်နေသည့်သူ့အား စိတ်ရှုပ်ဟန်ရှိပေမဲ့။ တစ်ခုခုဖြစ်လျှင် ဂရုမစိုက်ပဲမနေခဲ့။ သူ၏မလှမပ လက်ရေးအား ကြည့်ကောင်းအောင်
လက်ထပ်သင်ကြားပေးဖူးသည်။

ကျူရှင်ဆင်းချိန်မကြည်မသာမျက်နှာဖြင့်လာကြိုပေမဲ့ သူခြေထောက်နာသည်ဟုအကြောင်းပြပြီး ဂုန်းပိုးခိုင်းလျှင် အမြဲပိုးပေးသည်။
လက်အတင်းဆွဲ၍ မုန့်လည်းလိုက်၀ယ်ကျွေးခိုင်းဖူးသည်။
ခွန်သာမှိုင်းပုံစံမှာ ေအးစက်ပေမဲ့ သူ့အားအလိုလိုက်ခဲ့သည့်ကိစ္စများလည်းမရေမတွက်နိုင်အောင်ရှိသည်။

သူခွန်သာမှိုင်းရင်ခွင်ထဲ အတင်းတိုးဝှေ့ကာသွားအိပ်သည့်နေ့များတွင် မောင်းထုတ်တက်ပေမဲ့ နောက်ဆုံးမှာတော့ အလျော့ပေးပြီး သူစောင်မလွှတ်အောင်ပင် အမြဲကြည့်ရှုပေးသည်။

သူ့အားအနာတရဖြစ်အောင်လုပ်သည့်သူများကိုလည်း ဘယ်တော့မှအလွတ်မပေး။ အသီးအရွက်မကြိုက်သည့် သူ့ကိုခြောက်လန့်ကာကျွေးဖူးသည်။
လေသံကမာသော်လည်း အာဟာရမစုံမှာစိုး၍ အတင်းကျွေးမှန် ခွန်းသန့်နောင်သိသည်။ ခွန်သာမှိုင်းကြောင့်ပဲ အသီးအရွက်စားတက်သွားခဲ့တာဖြစ်သည်။

စိတ်ရှည်သည့်ပုံမပေါ်သော်လည်း သူနားမလည်သည့်စာများအားသေချာရှင်းပြပေးသည်။
စာမေးပွဲနီးလာတိုင်းလည်း ပါနိုင်ချေများသည့်အပုဒ်များအား အမြဲရွေးထုတ်ပေးခဲ့သည်။

The Matching Guys (Top)Où les histoires vivent. Découvrez maintenant