အပိုင်း ၁၁(sex partner လုပ်ရန်ကမ်းလှမ်းခြင်း)

34.6K 1.9K 94
                                    

Uni...

The Matching Guys(Part 11)

" ကိုကို ပြန်လာပြီလား...ကျွန်တော်အိမ်သန့်ရှင်းရေးလုပ်ထားတယ်"
ခွန်းသန့်နောင် သူ့ဘက်ကအရင်စပြီးမျက်နှာချိုသွေးလိုက်သည်။ နည်းနည်းပါးပါးလုပ်ပြီးအမှတ်အများကြီးယူရမည်လေ။

" ခြံရံလင်းနဲ့ဘယ်ထွက်သွားကြတာလဲ"

ခွန်းသန့်နောင် ရေတစ်ခွက်ငှဲ့လိုက်ကာ ခွန်သာမှိုင်း ကိုကမ်းပေးရင်
" အား သူကိစ္စလေးတစ်ခုရှိလို့ လိုက်ကူတာပါ။ ဒါနဲ့လေ ကျွန်တော်ကိုကို့ကိုပြောစရာလေးရှိတယ်။ဟို... ခြံရံလင်းက ကျွန်တော့်ကိုငှက်တစ်ကောင် လက်ဆောင်ပေးလိုက်တယ်။ သူ့ကိုသူများကပေးတာ ဒါပေမဲ့သိတဲ့အတိုင်း သူကတိရစ္ဆာန်တွေမှမစောင့်ရှောက်တက်တာ အဲ့ဒါနဲ့ ကျွန်တော့်ကိုပြန်ပေးတာ။
ငှက်လေးတစ်ကောင်လောက်က ခေါ်ထားတာကိစ္စမရှိဘူးမလားဟင်"

ခွန်းသန့်နောင် သေသေချာချာလိမ်ကာရှင်းပြနေတုန်း ကြက်တူရွေးကထအော်ပြန်သည်။
" အလိုက်တာ ငတုံး ငတုံး"

ခွန်းသန့်နောင်အံ့ကြိတ်ရင်း ပြုံးပြရသည်။

စဝ်ခွန်သာမှိုင်းက ခွန်းသန့်နောင်ကိုကျော်ကာ ကြက်တူရွေးကိုခဏသွားရပ်ကြည့်ပြီးနောက်စကားဆိုသည်။
" အင်း မွေးရင်သေသေချာချာဂရုစိုက်မွေး"

ခွန်းသန့်နောင် အဆူမခံရ၍ကြိတ်ပျော်သွားကာ
" စိတ်ချပါ ..ဒီကောင်ကိုသေသေချာမွေးပြီး သေချာလေးသင်ပေးမှာ"

" လိမ်မယ်ဆိုလည်း ယုတ္တိရှိအောင်လုပ်...အကြောင်းပြချက်လေးတော့ကောင်းကောင်းရှာ။ ဒီတစ်ခါတော့မသိချင်ယောင်ဆောင်ပေးလိုက်မယ်" ပြန်ပြောပြီး စဝ်ခွန်သာမှိုင်းသူ့အခန်းသူ၀င်သွားတော့သည်။

ခွန်းသန့်နောင် ပါးစပ်ဟလိုက်သည်နှင့် သူအကုန်သိနေတာမို့ သူ့အားလိမ်ဖို့ဆိုလျှင်မဖြစ်နိုင်သည့်ကိစ္စသာ။ ပြီးတော့ခွန်းသန့်နောင် ခေါ်လာသည့်ကြက်တူရွေးကလည်း စကားများမည့်ဟန်မို့ ခွန်းသန့်နောင်သူ့ကြက်တူေရွး
နဲ့သာပြောနေလျှင် သူ့အားစကားလိုက်ပြောချိန်လျော့သွားမည်ဟုစဥ်းစားပြီး ခွင့်ပြုလိုက်တာဖြစ်သည်။

The Matching Guys (Top)Where stories live. Discover now