"အပိုင်း ၁"
Jun လရယ် ပျို......အတိတ်ဟောင်းတွေရယ် အသစ်ဖြစ်လို့ ကျမရဲ့ အတွေးနယ်မြေလေးကို ကြီးစိုးနေခဲ့တာ ၁၃ရက်ပင်ရှိနေလေပြီ...၊
ကျမရဲ့ အတိတ်တွေထဲမှာ ပျော်ရွှင်ကြည်နူးဖွယ်ရာ အဖြစ်အပျက်တွေ၊ ကျမ သိပ်ကိုပျော်ရွှင်ခဲ့ရတာပေါ့....၊ ဒါပဲလားဆိုတော့ မဟုတ်ပြန်ဘူး၊ ထို အပျော်တွေကို ဖန်တီးပေးခဲ့တဲ့ အမျိုးသမီးငယ်ကြောင့် နာကျင်ခဲ့ရတဲ့ နှလုံးသား၊အစိတ်စိတ် အမြွှာမြွှာ ပျက်ဆီးခဲ့ရတဲ့ ကျမရဲ့ အနာဂတ်...
ရေချိုးခန်းထဲမှ မှန်ရှေ့တွင် ကိုယ့်ကိုကိုယ် ကြည့်ပြီး တွေးနေခြင်းဖြစ်သည်
"သမီးငယ် မပြီးသေးဘူးလား ရေချိုးခန်းထဲဝင်သွားတာ နာရီဝက်လောက်ရှိနေပြီနော်...ကြားလား အမေပြောနေတာ"
အမေက ရေချိုးခန်းဝထိလာအော်တော့မှ ကျမရဲ့ အတွေးနယ်မြေလေးလဲ သက်ပြင်းရှိုက်သံကြားထဲ မျောပါလို့သွားသည်။
"ပြီးပါပြီ အမေရဲ့ လာပြီ"
လို့ပြောပြီး မျက်နှာကို မြန်မြန်သာ သစ်လိုက်သည်ထမင်းစား စာပွဲပေါ်သို့ မနက်စာများကို ပြင်ဆင်နေသော အမေစိုးသည် ကျမကို မြင်တာနဲ့
"အိမ်မှာ တယောက်ထဲ ကျန်ခဲ့တယ်ဆိုပြီး သောင်းကြမ်းမနေနဲ့နော်
အစားကို ပုံမှန်စား၊အလုပ်ကနေလဲ စောစောပြန်လာနော်....အချိန်နဲ့ အချိန်အိပ် ကြားလား""ဟုတ်ကဲ့ပါ အမေစိုးရဲ့"
ပြင်ဦးလွင်ရှိ အမေရဲ့ သူတော်မောင် ဖြစ်သူ အကိုမင်းအောင်၏ မင်္ဂလာဆောင်သို့ သွားရန်အကြောင်းဖန်လာသောကြောင့် အမေစိုး၏ မှာတမ်းခြွေ စကားများကို နားထောင်နေရခြင်းပင် ဖြစ်သည်"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါနဲ့ ပြီးရင် နေချင်သလိုနေနေပြီးတော့၊ ခရီးကပြန်လာလို့ ငါ့အိမ် ရှုပ်ပွနေရင် တုတ်နဲ့ ဆော်မှာနော်"
ကော်ဖီထုပ်ယူပေးကာ ထပ်တိုးရျ် မှာတမ်းခြွေနေသော အမေစိုး"အင်းပါ အမေစိုးရဲ့ သိပါတယ်"
ဟုဆိုကာ ကော်ဖီဖောက်ထည့်ထားသော ဖန်ခွက်ထဲသို့ ရေနွေးဖြူများထည့်သည် ထို့နောက်
"အဖေရော မနိုးသေးဘူးလား"
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romance၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...