အပိုင်း ၂၆
လှေကားအောက်ရောက်မှ ဆေးယူဖို့မေ့နေတာကြောင့်ပြန်သွားယူခဲ့ရသေးသည်....၊ဆိုင်ကယ်ပေါ်ရောက်မှ ဝင်လာတဲ့ဖုန်းက နာမည်မှတ်မထားပေမဲ့ ဘယ်သူမှန်းကျမသိသည်..၊
'ဟက်လို'
'ဟက်လို သက်မှူး
ဧကရီ' ဟုဆိုလာသူ'အင်း ပြော' ဟုတိုတိုသာ ပြန်ပြောလိုက်သည်
'မနေ့က ဝယ်လာတဲ့အထဲမှာ အာလူးကြော်ထုပ်တွေ ပါတယ်မလား' ဟုမေးတော့ ကျမမှာ မျှော်လင့်မထားတဲ့ မေးခွန်းဖြစ်နေတာကြောင့် တမျိုးဖြစ်သွားသည်
'ပါတယ်လေ၊ ဘာလို့လဲ'
'အဲ့တာတွေက သက်မှူးစားလို့မရဘူး
မစားနဲ့နော် ''ဘယ်လိုသိတာ'
'မနေ့က သက်မှူးစစ်ဆေးမှုတွေလုပ်ဖို့ သွားတော့ ဖတ်နေတဲ့ စာအုပ်ထဲမှာ ပါတာလေ..သက်မှုးရော မဖတ်ရဘူးလား' ဟုမေးလာတော့ ကျမမှာပြန်စဥ်းစားရသေးသည်
'ဖတ်တယ်လေ ၊ အဲ့တာတွေတော့ မတွေ့မိပါဘူး' ဟုဆိုပြီးလိမ်လိုက်ရသည်....၊ဆရာပြောပြတဲ့ ကျန်မာရေးထိန်းသိမ်းနည်းတွေထဲ အစားအသောက်လဲ ပါဝင်နေပါသည်၊ ပြောထားကြပေမဲ့ ကျမက ရောဂါကိုမေ့ထားတာကြောင့် စားချင်စိတ်ရှိတာကို စားသည်...အခုတော့ မရတော့ဘူးထင်ပါရဲ့
'ဒါပေမဲ့ ဧကရီက သေချာဖတ်ခဲ့တယ်လေကွယ်... မစားနဲ့ ကြားလား'
'အင်းပါ ဒါပဲမလား'
'အင်း ဒါပဲ
ညနေကျရင် ဧကရီလာခေါ်မယ်နော်''အင်းပါ'
'အင်း အင်း
ဂရုစိုက်နော်''အင်း' ဟုပြောကာ ဖုန်းချလိုက်ပေမဲ့ မျက်နှာထက်က အပြုံးတို့ကတော့ လှပနေခဲ့တာကို တဖက်ကသူကတော့ သိမယ်မထင်...
မနက်ခင်းပိုင်းမို့ ကျောင်းသွားသူများ အလုပ်သွားသူများနှင့် လမ်းမကြီးက အသက်ဝင်လို့နေသည်...၊ မိုးကုန်ပြီး ဆောင်းဝင်လာပြီလဲ ဖြစ်သည်
'မင်္ဂလာပါဗျ' ဟုကျမကို နှုတ်ခွန်းဆတ်လေတဲ့ ကာရံ
'မင်္ဂလာပါ' ဟုပြန်နှုတ်ဆက်ပြီး ကောင်တာမှာ ဆိုင်ကယ်သော့နဲ့ ပိုက်ဆံအိတ်ကို အံဆွဲထဲထည့်ကာ ဆိုင်ကိုဝေ့ကာကြည့်လိုက်တော့ ဧည့်သည်မရှိသေးပါ ၊
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romance၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...