မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့အချစ်ဦး

970 46 2
                                    

အပိုင်း ၄

ဧကရီက တောင့်တောင့်ကြီး ရပ်နေရာကနေ ကျမတို့ နှစ်ဦးရှိရာဆီ လျှောက်လှမ်းလာသည်..၊ ကျမရဲ့ အကြည့်တွေ သည်လဲ ဧကရီဆီမှ ဖယ်ခွာမရချေ၊ ကျမတို့ဆီ လျှောက်လှမ်းလာသော ဧကရီ မျက်လုံးများကို ကျမကြည့်မိစဥ် ရင်ထဲလေးလံလာသည်...

သူစိမ်းတယောက်ကို ကြည့်နေသော မျက်ဝန်းများဖြင့် ဧကရီ ကျမကို ကြည့်နေသည်၊ လူ့ကျင့်ဝတ်အရ ကျမကို ပြုံးပြတယ်ဆိုယုံမျှသာ ကောက်ကွေးသွားသော နှုတ်ခမ်းလေး...

ကျမ ငေးနေစဥ်မှာ ဧကရီက မမနွယ်ကို စကားပြောလေသည်

'နွယ် အသိလား'
ခပ်တိုးတိုး ပြောလိုက်ပေမဲ့ ကျမကြားလိုက်ရပါသည်

ထိုအချိန် မမနွယ်က မျက်မှောင် ကျုံ့၍ ဧကရီကို ကြည့်လိုက်ကာ ကျမကို စကား ဆက်ပြောသည်..

'မှူးလေး ဘာမှ မဖြစ်တာ သေချာရဲ့လားကွယ်'
ဂရုဏာအသံဖြင့် ပြောလာသည်

'ဟုတ်ကဲ့ မမနွယ်
မှူးဘာမှ မဖြစ်ပါဘူး'

'ဒါနဲ့ မှူးလေးက ဘယ်ကဘယ်လာတာလဲ
ဒါမှမဟုတ် သွားမလို့လား'
မမနွယ်က ကျမကို စကားတွေ ဆိုနေပေမဲ့ ဧကရီကတော့ ဖုန်းဖွင့်၍ ကြည့်နေလေသည်

'အိမ်ကို ပြန်မလို့ မမနွယ်'
ကျမ စကား အဆုံးတွေမှာ ဧကရီ ခေါင်းမော့ပြီး ကျမကို ကြည့်ကြည့်နေသည်

'အော်'
ဟု ခေါင်းငြိမ့်ကာ ပြောသည်
မမနွယ်က သူ့ပိုက်ဆံအိတ်ကိုဖွင့်ပြီး ဖိတ်စာတစ်စောင်ကို ကျမလက်ထဲ ကမ်းပေးလေသည်

'ရော့ မှူးလေးအတွက် ဖိတ်စာ
မှားလို့ မှူးလေးတို့ ၄ယောက်လုံးအတွက်
မမနွယ်မွေးနေ့ဖိတ်စာ'

'ဟုတ် မမနွယ်'
ဖိတ်စာ ယူရင် ပြောလိုက်သည်

'ဆက်ဆက် လာခဲ့ရမယ်နော် မှူးလေး'

'လာမှာပေါ့ မမနွယ်ရယ်
လာခဲ့မယ်'

မမနွယ်က ပြုံး၍ ခေါင်းငြိမ့်သည်
ဧကရီကို ကျမ ထပ်ကြည့်မိချိန် ဧကရီနဲ့ အကြည့်ချင်းဆုံသွားခိုက် ဧကရီမျက်လုံးတွေကို ဖတ်ကြည့်မိသည်..
ပထမ အကြိမ်ကလို စိတ်ကားခြင်းတွေမဟုတ်ပဲ တခုခုကို စဥ်းစားနေသည့်ပုံ ကျမကို ကြည့်ပြီး စဥ်းစားနေသည်လို့ တွေးမိတော့ အသက်ရှူပါ ကြပ်လာသလို ခံစားလာရသည်၊ ကျမ ဘက်ကပဲ စ၍ အကြည့်ကိုလွှဲလိုက်သည်

မြတ်နိုးရသော ဧကရီ  (သို့)  ကျမရဲ့ အချစ်ဦးWhere stories live. Discover now