အပိုင်း ၁၅
ဒီနေ့ ကျမ မြို့ထဲက တိုက်ခန်းကိုပြောင်းမှာဖြစ်သည်၊ အမေစိုးနဲ့အဖေကိုတော့ မနည်းခွင့်တောင်းခဲ့ရပေမဲ့ အမေစိုးနဲ့အဖေက ခွင့်ပြုပေးခဲ့ပါသည်...
လွန်ခဲ့သော ၃ညက
ဓာတ်ပုံ Albumယူကာ အခန်းထဲက ထွက်လာတဲ့ကျမကို အမေစိုးနဲ့ ပန်းအိဖြူက ဧည့်ခန်းမှာ Tv ကြည့်ရာကနေ လှည့်ကြည့်လာကြသည်
'သမီးငယ်ရယ် ဓာတ်ပုံလေးရှာတာကို ကြာလိုက်တာ' ဟု အမေစိုးက ဆူသည်
'သိမ်းတဲ့နေရာ မေ့နေလို့ အမေစိုးရဲ့'
'လာ လာ ပန်းအိလေက ကြည့်ချင်လှပြီ'
ကျမ သုံးလှမ်းလောက်ရှောက်ယုံနဲ့ အမေစိုးတို့အနားရောက်သွားပါသည်...'ဒီမှာ' ဟုပြောကာ ဓာတ်ပုံAlbum ကို ပန်းအိဖြူအားပေးလိုက်ကာ ကျမကလဲ ဘေးမှာဝင်ထိုင်လိုက်သည်
ပုံ တပုံချင်းကို သေချာကြည့်ကာ
'မေမေငယ်ငယ် သိပ်လှတာပဲနော်''အဲ့တာ ကြီးကြီးတို့နဲ့ တူလို့လေ'ဟု အမေစိုးက ဝင်ကြွားလိုက်သေးသည်
'ပန်းအိဖြူဆီမှာ တီလေးပုံ မရှိဘူးလား'
လို့ မေးတော့ ခေါင်းခါပြသည်'မရှိဘူး မမမှူး'
'ပန်းအိဖြူ လိုချင်ရင် ယူထားလိုက်လေ'
'မမမှူးပေးရင် ယူချင်ပါတယ်
ပန်းအိက မေမေကိုလွမ်းရင် မေမေပုံတွေကြည့်ပြီး အလွမ်းဖြေချင်လို့''အင်း ယူလိုက်
အမေစိုး''ပြောလေ'
'သမီး မြို့ထဲက အိမ်မှာ ပြောင်းနေမလို့
အဲ့တာ'
ကျမစကားမဆုံးခင် အမေစိုးဝင်ပြောလေသည်'ဘာလုပ်ဖို့လဲ'
'စာပြန်ပြရတော့မယ်လေ အမေစိုးရဲ့
ပြီးတော့ အဲ့မှာက မြို့ထဲဆိုတော့ ကလေးတွေ လာလို့အဆင်ပြေတာပေါ့ အဲ့တာကြောင့်''ဒီကနေ အသွားအပြန်လုပ်ပြီးသင်လေ
ညဖြစ်ဖြစ် ပြန်အိပ်ပေါ့ ဟိုမှာတော့ တယောက်ထဲသွားမနေရပါဘူး'သားအမိနှစ်ဦးရဲ့ စကားဝိုင်းကို ဘေးကနေ ဓာတ်ပုံများကြည့်ရင်း နားထောင်နေတဲ့ ပန်းအိဖြူ
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romance၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...