မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့အချစ်ဦး

549 29 5
                                    

အပိုင်း ၃၁

ဆိုင်တွေမှာဆိုအဆင်မပြေတာကြောင့် ဟော်တယ်မှာ လုပ်ကြရမည်ဖြစ်သည်... မင်္ဂလာဆောင်ပွဲများ ကျင်းပမှုများသည့်နေရာဖြစ်ကာ လူသိအများဆုံးနေရာလဲ ဖြစ်သည့် ဒီဟော်တယ်မှာ ကျင်းပမည့် မော်ဒယ်ပြိုင်ပွဲတွင် ပိုးဖြူပါသွားဖို့ကိုပဲ ဆုတောင်းရတော့မည်.....

ပိုးဖြူက စင်အနောက်ဘက်ကို ဝင်သွားပြီး ကျမကတော့ အေးအေးတို့ဆီ ဖုန်းဆက်ရသည်.. ဖုန်းဆက်ပြီးသည်နှင့် ပွဲကျင်းပမည့် ခန်းမထဲဝင်လာကြည့်တော့ စင်ကြီးတခုနဲ့ အရှေ့ဆုံးက အကဲဖြတ်မဲ့သူ တွေအတွက် နေရာစီစဥ်ပေးထားပေး ထို့နေရာနဲ့ အနောက်မှာ ခုံတန်း ရှည်နှစ်ခုရှိကာ... အနောက်ဘက်ထိုင်ခုံတွေကတော့ အားပေးကြည့်ရှုမည့် သူတွေအတွက်ဖြစ်မည်...

ခုံတခုံမှာဝင်ထိုင်ကာ အေးအေးတို့လာမဲ့အချိန်ကို စောင့်နေလိုက်သည်...မကြာ ထိုင်ခုံတွေမှာ လူတွေပြည့်လုနီးပါးဖြစ်လာခဲ့သည်..ခန့်မှန်းချေ အယောက် ၂၀၀လောက်တော့ရှိမည်...

'မမမှူး' ဟုခေါ်လာတဲ့ အေးအေးသည် ပိုးဖြူရဲ့ ကလေး ၁၀ယောက်ကို ဦးဆောင်ကာ ခေါ်ဆောင်လာခဲ့သည်...

'အေး​အေးတို့ ရောက်လာကြပြီလား'

'ဟုတ်ကဲ့ မမမှူး'

'မမမြမှူး မင်္ဂလာပါ'

'မမက သိပ်မိုက်နေတာပဲ'

'ငယ်လေးတို့က မမပိုးကိုအားပေးရမှာလား မမမြမှူးကို အားပေးရမှာလားဟင်'
စသည့် ကလေးတွေဆီက မိတ်ဆက်စကားသံ မြှောက်ပင့်ပြောဆိုမှုများကို အပြုံးလေးနဲ့
'ကျေးဇူးပါကွာ' ဟုသာပြန်ပြောခဲ့ရသည်..၊ ဧကရီ ရောက်မလာသေးဘူးလားဟု လှည့်ကြည့်မိတော့ မတွေ့ပါ ၊ ဖုန်းဆက်မယ်ဆိုပြီး ထရပ်လိုက်ချိန် ဆစ်ခနဲ့နာကျင်လာမှုကြောင့် ထိုင်ခုံကို ဆုတ်ကိုင်လိုက်ရသည်....

'မမမှူး ဘယ်သွားမလို့လဲ' ဟု အေးအေးက မေးလာတော့

'သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်
ဒါနဲ့ ရနံ့တို့ကရော မလာကြသေးဘူးလား'

'ယုယကို ဝင်ခေါ်ပြီးလိုက်ခဲ့မယ်တဲ့ မမမှူး
နှင်းက ကာရံတို့အတွဲနဲ့မှ လိုက်လာမှာ'

မြတ်နိုးရသော ဧကရီ  (သို့)  ကျမရဲ့ အချစ်ဦးWhere stories live. Discover now