မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့အချစ်ဦး

642 33 3
                                    

အပိုင်း ၃၈

ရုတ်တရက် ဦးဆောင်ကာ နမ်းရှိုက်လာသူကြောင့် မျက်ရည်စတွေပင် ဘယ်ပြေးလို့ ပုန်းခိုသွားရသည်မသိ....စန္ဒယားသံစဥ်ကလေး ပြီးဆုံးသွားခဲ့သည်... အနမ်းတို့ကတော့ မရပ်သေးပင်၊ ကြယ်လေး တပွင့် ကြွေသွား၏ ၊ထိုမိန်းခလေး နှစ်ဦးမှာ သိမည်မထင်...

သက်မှူးရဲ့ အသက်ရှူနှုန်းတွေ ခံနိုင်ရည်မရှိတော့မှ အနမ်းတို့ စဲသွားပြီး ဧကရီမှာလဲ ဝင်သက်ထွက်သက်မှန်အောင် ပြန်ကြိုးစားရသည်...ရင်ခုန်နှုန်းတွေကတော့ မြန်နေစဲပင်..

'ဧကရီ ဧကရီ' ဟု ရနံ့ရဲ့ ခေါ်သံကြောင့် ဧကရီလဲ လန့်သွားရသည်

'ဟမ် ဟမ်' ဟု ဘေးခုံကို လှည့်ကြည့်လိုက်မိတဲ့ ဧကရီ... ခုံအလွတ်သာ ရှိနေတော့ ရှက်ရမ်းရမ်းကာ သက်ပြင်းတချက် ချလိုက်မိ၏

'ဘယ်တွေများ စိတ်ရောက်နေသလဲဟယ်
ငါခေါ်နေတာ ၃ ၄ခွန်းလောက် ရှိနေပြီ' ဟု နောက်ခန်းက ရနံ့က ပြောသည်

'သီချင်းထဲ မျောသွားလို့ပါ
ဘာပြောမလို့လဲ ပြောလေ ရနံ့'
ဟု ကိုယ့်ကိုကိုယ် ထိန်းကာ ပြောလိုက်ရသည်...တကယ်ပါပဲနော် အဲ့လောက်ထိ ကြည်နူးရလိမ့်မယ်လို့ တကယ်မထင်ထားခဲ့တာပါ ပြီးတော့ ဒီလောက်ထိ လွှမ်းမိုးနိုင်လိမ့်မယ်လို့ပေါ့....

'အော် မြမှူးနဲ့ အဆင်ပြေရဲ့လားလို့ မေးနေတာ_videoတွေ တက်လာတာတွေ့လို့' ဟုပြောလာတဲ့ ရနံ့ကို ဘယ်လိုပြန်ဖြေသင့်လဲ ဧကရီ စဥ်းစားရသည်...

နောက်ကြည့်မှန်ထဲကနေ ကြည့်ကာ
'ဒီလိုပါပဲ... အဆင်ပြေပါတယ်' ဟု တချက်ပြုံးပြကာ ပြောလိုက်သည် ၊ ဘာကိုမေးသလဲ သိပေမဲ့ သက်မှူးပြောပြတာက ပိုကောင်းမည်ထင်သည်

'အေးပါ အဆင်ပြေရင် ပြီးရော' ဟုပြောကာ ဘာမှထပ်မပြောတော့ပေ ၊ ကားလေးထဲ သက်မှူးနားထောင်နေကျ သီချင်းတွေ အစဥ်လိုက်ထွက်ပေါ်လာခဲ့သည်....

ဆိုင်ရှေ့မှာ ကားရပ်တော့
'လိုက်ပို့ပေးလို့ ကျေးဇူးပါ ဧကရီ'

'ရပါတယ်'

'အင်း အင်း
ဂရုစိုက် မောင်းသွား' ဟုပြောကာ ဆင်းသွားသည်...ဧကရီလဲ အိမ်ကိုပြန်ပြီး ရေမိုးချိုး လျှော်ဖွတ် လုပ်စရာရှိတာ လုပ်ရသည်....

မြတ်နိုးရသော ဧကရီ  (သို့)  ကျမရဲ့ အချစ်ဦးWhere stories live. Discover now