အပိုင်း ၃၂
နောက်ဆုံးကြားခဲ့ရတာက အရေးပေါ်ကားရဲ့ အသံဖြစ်သည်...
စင်ပေါ်ကနေ ဧကရီတို့ဆီ ဆင်းလာတဲ့ သက်မှူးက ရုတ်တရက်ကြီး လဲကျသွားခဲ့တယ်...အနားကိုအပြေးသွားပြီး ရင်ခွင်ထဲထည့်ကာ ခေါ်နေပေမဲ့ ဘာမှမတုန့်ပြန်လာတဲ့ သက်မှူး...၊ အနားမှာရှိနေတဲ့ ဒေါက်တာပိုင်စိုးသူကိုကြည့်ကာ ဆရာဆီဖုန်းဆက်ဖို့ပြောရတယ်... ထိုအချိန်မှာပဲ စင်ပေါ်မှ ရှိနေတဲ့ ပိုးဖြူနဲ့အတူ ကလေးတွေအားလုံးအနားကိုရောက်လာကြပြီး သက်မှူးကို တာက်တခွန်းခေါ်ကြလေရဲ့...
'မြမှူး မြမှူး
နင်ကြားလား' ဟုပိုးသားဖြူက ဒူးထောက်လျက်ကနေ ဧကရီ ရင်ခွင်ထဲရောက်နေတဲ့ သက်မှူးကို ခေါ်လေတယ်...'အမဧကရီ ဆရာအခုပဲ အရေးပေါ်ကားလွှတ်လိုက်ပြီတဲ့' ဟုပြောလာတဲ့ ဒေါက်တာပိုင်စိုးသူ ကြောင့် ပိုးသားဖြူက ဧကရီကိုကြည့်ကာ
'ရှင်က ဘာလို့ ဒီပွဲကို လာတာလဲ
ပြီးတော့ ဘာလို့ အခုမှ မြမှူးကို စိတ်ပူတဲ့ပုံတွေလုပ်ပြနေတာလဲ' ဟုပြောကာ ဧကရီရင်ခွင်ထဲက သက်မှူးကို သူ့ရင်ခွင်ထဲ ယူကာ'ဖယ်ပါ
မြမှူးမှာ ငါတို့ရှိတဲ့အတွက် ရှင့်ကိုမလိုအပ်ဘူး' ဟုလဲပြောလာလေသည်...ဒီအချိန်မှာ ပိုးသားဖြူနဲ့ ရန်ဖြစ်နေဖို့ ဧကရီမတွေးနိုင်ပါ၊ ပိုးသားဖြူရဲ့ ရင်ခွင်ထဲကို ရောက်သွားတဲ့ သက်မှူးကိုကြည့်ရင်း အခြေအနေမဆိုးပါစေနဲ့လို့ပဲ ဆုတောင်းနေရတော့တယ်...မကြာ အရေးပေါ်ကားရောက်လာတော့ ယုယချစ်သူဟု နှင်းပြောပြထားတဲ့ တယောက်က သက်မှူးကို ကားထဲမခေါ်သွားပေးသည်...၊
'ပိုင်စိုးသူ.. ဒီကားနဲ့လိုက်ခဲ့
ကျန်တဲ့သူတွေက ကိုယ့်ကားနဲ့ကိုယ် လိုက်ခဲ့ပေးပါ' ဟု အရေးပေါ်ကားထဲက ဆင်းကာ ဆရာဝန်ကပြောသည်...ဧကရီနှင့်အတူ ရနံ့ နှင်း ကာရံတို့ပါလာပြီး...၊ကိုဟိန်းထက်ကားမှာတော့ ယုယ ပိုးသားဖြူ အေးအေးတို့ ပါလာကြသည်...ကလေးတွေကိုတော့ ကိုယ့်အိမ်ကို ပြန်ဖို့မှာခဲ့ပြီး ထားခဲ့လိုက်သည်...
'ပိုင်စိုးသူ
လူနာရှင်တွေကို ကြည့်ထိန်းထားလိုက်' ဟုဆိုကာ လူနားအား အရေးပေါ်အခန်းထဲကို ခေါ်သွားတဲ့ ကိုထက်လင်းက ဆရာရဲ့ သူငယ်ချင်းတဦးဖြစ်ကာ ဒီဆေးရုံမှာ တာဝန်ကျတာ ၁ပတ်ကျော်ပဲရှိသေးတဲ့ အဆုတ်အထူးကု ဆရာဝန်တဦးလဲ ဖြစ်သည်...
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romantiek၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...