အပိုင်း ၂၂
အဝါရောင်တွေ လွှမ်းခြံထားပြီး
စိတ်လှုပ်ရှားမှုတွေ ပေးတဲ့ ဆိုင်သစ်လေးရယ်နဲ့ ကျမတို့ရဲ့ ဒီညလေးက လှပနေခဲ့ပါတယ်..
ကျမ ကောင်တာမှာပဲ အိပ်ပျော်သွားခဲ့တယ်၊ ဘယ်လို အိပ်ပျော်သွားလဲ မသိပေမဲ့ ကျမနိုးလာတော့ ကျမဘေးမှာ ရနံ့ရှိမနေဘူး..၊ မျက်လုံကို စုံပွတ်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ စားပွဲ ၅ခုံပေါ်လောက်မှာ ကိတ်တွေတင်ထားတယ်၊ ထောင့်ကျသော စားပွဲမှာတော့ အိပ်ပျော်နေတဲ့ ယုယနဲ့ ကိုဟိန်းထက်ကို တွေ့ရတယ်..မျက်နှာချင်းဆိုင် အနေအထားနဲ့ စားပွဲပေါ်အိပ်ပျော်နေသူ နှစ်ယောက် ၊ ယုယ ကိုယ်ပေါ်မှာ အပေါ်ထပ်လေး ခြုံပေးထားတယ်၊ ယောကျာ်းလေးဝတ်ဆိုတော့ ကိုဟိန်းထက်ဟာလို့ တွေးမိတော့ ကျမပြုံးမိသွားတာ အမှတ်တမဲ့ပါပဲ...
'မြမှူး နိုးပြီလား'
ဟု မေးလာတဲ့ ရနံ့က လက်ထဲမှာ မနက်စာပါ ပါလာသည်'အင်း နိုးပြီ၊ နင်ရော နိုးတာ ကြာပြီလား'
'နာရီဝက်ကျော်လောက်ပဲ ရှိဦးမယ်'
ဟု ကောင်တာပေါ် စားစရာများချကာ ပြောသည်'ရနံ့ နင်နိုးတော့ ယုယတို့ အိပ်နေကြပြီလား'
'ယုယကတော့ အိပ်ပျော်နေပြီ
ဟိန်းထက်ကတော့ အိပ်ပျော်ခါစပေါ့'
ဟု ကိတ်တဇွန်းကို စားလျက်ပြောလိုက်ပုံက မချိုမချဥ်ရုပ်ထွက်နေသည်'ဘာလဲဟ နင့်စကားက'
ဟု မေးတော့ ပြုံးသွားကာ အနားတိုးလာပြီး'ဒီလိုဟာ ငါက နိုးနေပြီ ဒါပေမဲ့ အဲ့အချိန်မှာ ဟိန်းထက်က မအိပ်သေးဘူး၊ ငါက သူဘာလုပ်မလဲ သိချင်လို့ အိပ်ချင်ယောင်ဆောင်ပြီး နေနေလိုက်တာ..' ရနံ့ ထပ်ပြုံးသည်
'ဟိန်းထက်က ယုယကို သူ့အပေါ်ထပ်ခြုံပေးတယ် ပြီးတော့မှ ယုယနဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်ပြီး ယုယကို ထိုင်ကြည့်နေသေးတယ်.
ငါထလိုက်ရင် ရှက်သွားမှာစိုးလို့ သူအိပ်ပျော်ခါစလို့ ပြောရမဲ့အချိန်မှ ငါက ထတာ'
ဟု ပြုံးပြုံးကြီး ပြောလေသည်'ယုယ ကံကောင်းမယ်လို့ နင်ထင်လား ရနံ့' ဟု ယုယတို့ကို ငေးရင်းမေးတော့
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romance၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...