အပိုင်း ၄၁
'ဧကရီ' ဟုခေါ်သံထွက် ပေါ်လာသည်နှင့် အထုတ်တွေကို မေ့ကာ သက်မှူးအနား ပြေးမိသည်
'သက်မှူး ဧကရီ ရှိတယ်နော်' ဟု လက်ကလေးကို ဆုတ်ကိုင်ရင်း ပြန်ဖြေလိုက်မိသည်...ထိုမြင်ကွင်းလေးကို မိဘနှစ်ပါးက ကြည့်ရင်း အပြုံးကိုယ်စီ ဖြစ်သွားရ၏..အကိုဖြစ်သူကတော့ ခေါင်းကိုရမ်းလိုက်ကာ အပေါက်ဝနားရှိ အိတ်တလုံးကို သွားပြန်ယူလိုက်ရသည်...
'သက်မှူး ဘယ်လိုနေလဲ
သက်သာလား' ဟုလဲ အဆက်မပြတ်မေးမိနေ၏'အင်း' ဟု တိုးလျလျအသံလေး ထွက်လာသည်နှင့် တပြိုင်နက် ဗိုက်ထဲကပါ မြည်းလို့လာ၏
'သက်မှူး ဗိုက်ဆာနေရောပေါ့ မနေ့ညထဲက ဘာမှ မစားရသေးတာပဲ' ဟုရေရွတ်လိုက်သည်
'သက်မှူး ဘာတွေစားလို့ရလဲ ရှောင်ရမလဲ မသိတာနဲ့ မေမေ ဆန်ပြုတ်ပဲ ပြုတ်လာခဲ့တယ်...' ဟု မေမေကပြောကာ စားပွဲပေါ်က ဂျိုင့်လေးကို ယူလာပေးသည်...
'ရတယ် မေမေ' ဟုပြောကာ ဆန်ပြုတ်ဂျိုင့်ကို ယူလိုက်သည်
'သက်မှူး ဆေးသောက်ရဦးမှာမို့ ဒါလေးတော့ ဝင်အောင် စားလိုက်နော်..' ဟုလဲ ဆန်ပြုတ်မကြိုက်သူကို ချော့ကျွေးရသည်
သက်မှူးကလဲ မငြင်းဆိုပါ... ခေါင်းငြိမ့်ပြပြီး၏... 'ဟ' ဟုခွံကျွေးမယ် လုပ်တော့ မေမေတို့ကို ကြည့်လေသူ
'ဧကရီ ခွံကျွေးမယ်လေ
လက်က ဆေးချိတ်ထားတာကို' ဟုပြောလိုက်တော့မှ စားလေသည် ၊ ၂လုတ်လောက် စားပြီးချိန်မှာ'ဧကရီရော မနက်စာ စားပြီးပြီလား'
ဟု မေးသည်'မစားရသေးဘူး
ခဏနေမှ တခုခု စားလိုက်ပါ့မယ်
သက်မှူးက ဒီဆန်ပြုတ်ကုန်ရင် ဆေးသောက်ရဦးမှာမို့ ကုန်အောင်စားလိုက်နော်''အင်း'
ဖေဖေနဲ့ မေမေက ဆိုဖာမှာ သွားထိုင်ကာ ဧကရီတို့ကို ကြည့်နေသည်....၊ အကိုကြီးကတော့ အထုတ်တွေ အထဲတွင်းပြီး အပြင်ပြန်ထွက်သွား၏ ၊ သက်မှူးကို ဆေးတိုက်နေချိန်မှာ ဖေဖေနဲ့မေမေက အနားကို ထလာကြသည်'သက်မှူး ဒါ ဧကရီ မိဘတွေလေ' ဟု ဘေးက ဖေဖေနဲ့မေမေကို သက်မှူးနဲ့ မိတ်ဆက်ပေးလိုက်သည်
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romance၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...