မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့အချစ်ဦး

592 34 0
                                    

အပိုင်း ၁၇

လွန်ခဲ့တဲ့ အပတ်တုန်းက ဆေးစစ်ချက်အဖြေကြောင့် ကျမ အိမ်ကနေပါ ထွက်ပြေးလာခဲ့မိသည်၊ ရလာဒ်ကို မအံ့သြပေမဲ့ ကိုယ်ဘေးကချစ်ရသူတွေကို ဒုက္ခမပေးချင်းတာကြောင့် ကျမရဲ့အကျင့်အတိုင်း အတ္တကြီးစွာနဲ့ တယောက်ထဲ ကြိုးစားဖို့ ဆုံးဖြတ်ခဲ့သည်....

ထိုနေ့က တိမ်တွေ အုံ့မှိုင်းလို့နေသည်၊ မမသက်ရဲ့ မျက်နှာကလဲ တိမ်စိုင်းများလိုပင်..

'မြမှူး ဘယ်လိုတုန့်ပြန်မလဲ ဆိုတာ မမသက် မသိပေမဲ့ မမသက် သိလိုက်ရချိန်မှာတုန်လှုပ်သွားရတယ် မြမှူး'
ဆေးစစ်ချက် စာရွက်များကို ကြည့်လျက်ပြောနေပြီး ကျမကတော့ မမသက်ရဲ့ အရှေ့မှာ ထိုင်နေခဲ့သည်

'ဘာဖြစ်လို့လဲ မမသက်'

'ဆေးစစ်ချက် အဖြေမှာ  primary lung Cancer ဖြစ်နေတယ်လို့ ပြောထားတယ် မြမှူး'

'ဘာကြီးလဲ မမသက်
မြမှူး နားမလည်ဘူး'

'primary lung cancer ဆိုတာ အဆုတ်ကနေ စတင်ပြီး ဖြစ်ပွားတဲ့ ကင်ဆာကိုခေါ်တာ၊
ရှင်းရှင်းပြောရရင်တော့ အဆုတ်ကင်ဆာပေါ့'
မမသက် အသံတို့ တိုးလျနေပြီ စကားပြောပြီးချိန်မှာလဲ သက်ပြင်းများ ချနေလေသည်

ကျမ ငြိမ်သက်သွားမိသည်၊ ထိတ်လန့်သွားခြင်း မဟုတ်ပဲ ဘယ်လိုရင်ဆိုင်ရမလဲ တွေးနေမိသည် နောက်ပြီး ဘယ်လိုဖုံးကွယ်ရမလဲ ဆိုတာရော တွေးမိသည်

ထိုအချိန်မှာ မမသက်ရဲ့ လက်တစုံက ကျမရဲ့ လက်များကို ဆုတ်ကိုင်လာပြီး

'အရမ်းကြီး စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်သေးပါဘူး၊ ဒါကြောင့် မမသက်တို့ ကြိုးစားကြမယ်နော် ဘာမှ အားမငယ်နဲ့ ဟုတ်ပြီလား'
မမသက်ကပင် ကျမထက် စိုးရိမ်းနေဟန်၊ ကျမ ပြုံးလိုက်ပြီး

'ဟုတ်ကဲ့ပါ မမသက်
မြမှူး အားမငယ်ပါဘူး၊ အကောင်းဆုံး ကြိုးစားကြတာပေါ့' ဟုပြောလိုက်ချိန် မမသက်က

'မမသက် တခုတော့ ပြောချင်တယ် မြမှူး'

'ဘာများလဲ မမသက်'

'မြမှူး ဒီကိစ္စကို မိသားစုတွေကို ​ပြောပြတာဖြစ်ဖြစ် အနားမှာအမြဲရှိနေတတ်တဲ့သူ သူငယ်ချင်း ကို ပြောပြတာဖြစ်ဖြစ် လုပ်စေချင်တယ်'

မြတ်နိုးရသော ဧကရီ  (သို့)  ကျမရဲ့ အချစ်ဦးWhere stories live. Discover now