အပိုင်း ၃၄
ခွင့်ပြုချက်မရှိပဲ ဖက်နေမိပေမဲ့ ဧကရီရဲ့မျက်နှာတို့မှာ အပြုံးတို့ဝေဆာ နေမိသည်က စာမျက်နှာတိုင်းမှာ နေရာယူထားတဲ့ 'ဧကရီဆိုတဲ့ နာမည်လေးကြောင့်ပင်...
မယုံကြည်နိုင်စွာ မမျှော်လင့်ခဲ့တဲ့ အခြေအနေမျိုးအနေနဲ့ သက်မှူးရဲ့ဘဝထဲမှာ ဧကရီက ရှိနေခဲ့သေးသည်...၊
'ကုထုံး 4ကြိမ်မြောက်ခံယူသည့်နေ့' ဟုရေးထားတဲ့ စာမျက်နှာမှာတော့ သက်မှူးရဲ့ နာကျင်ခံစားမှု အတိမ်အနက်ကို ဧကရီ ဖက်ပြီးသည့်အချိန်မှာ မျက်ရည်လေးတို့ ရစ်တိုင်းလာခဲ့ရသည်....'သက်မှူးရယ်' ဟုရေရွတ်မိရင်း စာအုပ်လေးကို ရင်ခွင်ထဲ ပိုက်လိုက်မိ၏
'ဘာကို အတ္တကြီးရမှန်းမသိဘူး ဆိုတဲ့ သက်မှူးကို ဧကရီက အတ္တကြီးစွာနဲ့ ပိုင်ဆိုင်ချင်မိတယ်...၊ ဒီတကြိမ်တော့ သက်မှူးကို စိတ်ဒုက္ခမပေးတော့ပါဘူးလို့ ဧကရီ ကတိပေးပါမယ်... သက်မှူးအနားမှာ ကျန်နေသေးတဲ့ တဘဝလုံး ရှိနေခွင့်ပေးပါနော်... သက်မှူးထွက်မသွားအောင်လဲ ဧကရီက ဆွဲထားချင်တာကြောင့် အခွင့်အရေးလေး ထပ်ပေးနိုင်မလားကွယ်'
.....
'သမီးငယ် ပိုးဖြူလာတာ မတွေ့ဘူးနော်' ဟု အဖေကမေးလာသည်'ဟုတ်တယ် ဦးလေး
ပိုးဖြူက မော်ဒယ်ပြိုင်ပွဲမှာ အရွေးခံခဲ့ရလို့ ရန်ကုန်သွားဖို့ပြင်ဆင်နေရတာ... သိပ်မအားဘူးရယ်' ဟု ယုယက ဝင်ဖြေသည်'ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် လာမှာပါ၊
ဒါမှမဟုတ် တခုခုဖြစ်ထားကြတာမလား'
ကျမအကြောင်းပါမက သူငယ်ချင်းတွေအကြောင်းပါသိနေတဲ့ ဖခင်ကို လိမ်လို့မရပါ'သမီးကို စိတ်ဆိုးနေတာတဲ့.. ရောဂါနဲ့ ပတ်သတ်ပြီးတော့လေ'
'ဖုန်းဆက်ပြီး လှမ်းချော့လိုက်ပေါ့'
'ချော့တယ် ဖုန်းလဲဆက်တယ် စာလဲပို့တယ် ...သူတကယ်မအားလို့ထင်တယ် ဖုန်းလဲမကိုင် စာလဲမပြန်နဲ့' ဟုပြောတော့
'ချော့တယ်ဆိုလဲ ပြီးရောပါ
သူငယ်ချင်းတွေက သမီးချစ်ကြတာမို့ သူတို့နားလည်အောင် သေချာလေးပြောပြ ဟုတ်ပြီလား' ဟုပြောကာ အမေစိုးနဲ့ ရနံ့ရှိရာ ဆိုဖာနား သွားထိုင်သည်
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romance၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...