အပိုင်း ၂၁
ပိုးဖြူက ယူလာတဲ့ ၂စုံကို မကြိုက်ဘူးဆိုတာကြောင့် ရနံ့က သူ့ဖုန်းကိုပေးကာ အင်္ကျီပုံများ ပြပြီး ရွေးခိုင်းထားသည်၊ ကျမကတော့ အဖြူရောင်တီရှပ်ရယ် ကုတ်အင်္ကျီနဲ့ စတိုင်ပန့်ကတော့ ခဲရောင်ဖြစ်သော ဝတ်စုံက အဆင်ပြောတာကြောင့် သိပ်မစဥ်းစားတော့ပဲ အဲ့တာပဲ ဝတ်ဖို့ ဆုံးဖြတ်လိုက်သည်၊ ယုယကတော့ အဝါရောင် ဂါဝန်လေးရွေးသည်၊ ရနံ့ကတော့ မြန်မာဝမ်းဆက်သာ ဝတ်မှာဖြစ်ပြီး အဝါရောပိတ်ဖောက်ဇာနဲ့ပါတိတ်ကို ဝတ်မှာဖြစ်သည်၊
'ဟဲ့ ပိုးဖြူ အင်္ကျီရွေးလို့က ပြီးဦးမှာလား'
ဟု ပူစီဖောင်းအဝါရောင်များကို စုချည်ရာက လှမ်းမေးသည်'မမရနံ့ကလဲ ရွေးနေတုန်း ခဏ' ဟုပြောလေသည်
အချိန်က ၅နာရီ ထိုးလုပြီမို့ ဆိုင်ပြင်ဆင်မှုများစကြရသည်၊ ကျမတို့ ၃ယောက်က ဆိုင်ရှေ့တံခါးမှာ အလှဆင်မဲ့ ပူစီဖောင်းများကို မှုတ်သူကမှုတ် စုပြီးစီးသူကစီ သွားကပ်သူက ကပ်လုပ်နေကြပြီဖြစ်သည်၊ ဖိတ်စာထဲမှာသာ ၁၀နါရီကနေ ၃နာရီထိကို ဆိုင်ဖွင့်ချိန်အဖြစ်သတ်မှတ်ထားပေမဲ့ မနက်လောက်ထဲက လာကြမှာ အသေအချာမို့ ကျမတို့မှာ ညထဲက အပြီးအစီးဖြစ်အောင် စီစဥ်ထားကြရမှာဖြစ်သည်၊
'ယုယ ဆိုင်အတွက်ခေါ်ထားတဲ့
ကလေး ၂ယောက်ကော''အကို ကိတ်ဖုတ်တာ ဝိုင်းကူနေတယ် မမရနံ့
ဘာလို့လဲ..''မြမှူးတို့နဲ့ မိတ်ဆက်ပေးလိုက်ဦးလေ'
'ဟုတ်သားပဲ ယုယမေ့နေတာ'
ဟုပြောကာ အထဲဝင်သွားလေသည်
မကြာ မိန်းခလေး ၂ယောက်နဲ့ အတူ ပြန်ထွက်လာတဲ့ ယုယ'မမပိုး' ဒီခဏ ဟု ကျမတို့ရဲ့ ၃ဝိုင်းကျော်မှာ ထိုင်နေတဲ့ ပိုးဖြူကို ယုယလှမ်းခေါ်သည်
ပိုးဖြူရောက်လာတော့မှ ကျမတို့နဲ့ မိတ်ဆက်ပေးလေသည်'နွေတို့ ဒါက မမမြသက်မှူး ပြီးတော့ မမပိုးသားဖြူ မမရနံ့ကိုတော့ ညီမလေးတို့သိကြပါတယ်'
'ဟုတ်ကဲ့ မင်္ဂလာပါရှင့်' ဟု ပြိုင်တူနှုတ်ဆက်လာသည်
'သူတို့ နှစ်ယောက် က ညီအမတွေလေ
နာမည်တွေက ချစ်လိပ်ပြာနဲ့ နွေပန်းမေ တဲ့ နွေက အကြီး
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romance၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...