'အပိုင်း၂'
ကျမ နာရီကို ကြည့်မိတော့ ၅နာရီခွဲ
ဆိုင်ပိတ်ဖို့ ၂နာရီသာ လိုတော့တာမို့ ဆိုင်တွင်လဲ လူပါးနေချိန်ဖြစ်သည်...၊စိတ်ထဲ မွန်းကြပ်လာတာကြောင့် မီးဖိုချောင်းထဲဝင်ကာ စီးကရက်သောက်နေမိသည်...၊
စိတ်မွန်းကြပ်ရတဲ့ အကြောင်းကို ပြောပါဆိုရင်တော့ မိုးရွာနေလို့ပဲ... အခုရက်ပိုင်း မိုးစက်တွေက ၄နာရီလောက်ဆို ဖွဲဖွဲလေးကျနေတတ်ပြီး ၇နာရီကျော်ရင်တော့ သဲသဲမဲမဲကိုရွာလာတတ်တာ...
လွန်ခဲ့တဲ့ ၃နှစ်ကလိုမျိုးပေါ့....
ဘယ်လောက်ပဲ ကျမရင့်ကျက်တည်ငြိမ်လာပါတယ်ပြောပြော ဒီလိုတိုက်ဆိုင်မှုတွေရှိလာရင်တော့ မပြောင်းလဲသော ဝမ်းနည်ခြင်းတွေ၊မပြောင်းလဲသော နာကျင်မှုတွေက ဖျောက်ဖြတ်လို့မရနိုင်သေးဘူး...
ဧကရီ စိမ်းကားသွားမှ သောက်တက်တဲ့ စီးကရက်တွေကလဲ အခုအချိန်ထိ ကျမကို အဖော်ပြုနေဆဲ၊ တိုက်ဆိုက်မှုတွေရှိတိုင်းလဲ ကျမရဲ့နှလုံးသားလေးက နာကျင်နေဆဲ၊
'မြမှုး နင်မပြန်သေးဘူးလား'
ပိုးဖြူက ကော်ဖီခွက်တွေ သိမ်းပြီး ဝင်လာရင်း မေးလာသည်...'အဲ့ဆေးလိပ်ပဲ ထိုင်သောက်နေတယ်' ဆိုပြီး ပြောကာ ကျမရှေ့ဝင်ထိုင်ချိန် ဆေးလိပ်ခွက်ကိုမြင်တော့
'ဟ မြမှုး နင်လူမှ ဟုတ်သေးရဲ့လား
ဟင်... ဘယ်နှလိပ်တောင်လဲ ကြည့်ဦး တစ်ဘူးလုံးကုန်အောင်သောက်နေတာလား' ဟု
မျက်မှောင်ကြုတ်ပြီး ပြောနေရှာသည်'sorryဟာ' လို့ပြောတော့
ကျမကို ဘုကြည့်ကြည့်ပြီး'ဒီအခန်းထဲမှာ နင်ဘယ်လိုများထိုင်နေနိုင်လဲ မွှန်ထူနေတာပဲ...ငါအသက်ရှုတောင် ကြပ်လာပြီ'လို့ ပြောပြီး ကျမကို မီးဖိုချောင်ထဲမှ ဆွဲခေါ်လေသည်
counter ရှေ့ရောက်မှ ကျမလက်ကို လွတ်ပြီး counterတွင်ထိုင်နေသော အေးအေးကို ကြည့်ကာ
'အေးအေး မီးဖိုချောင်ထဲက စာပွဲပေါ်မှာ ဆေးလိပ်ခွက်ရှိတယ် အဲ့တာကို ဆေးပေးနော်
ပြီးရင် မီးဖိုချောင်ထဲက ဆေးလိပ်နံ့တွေ ပျောက်အောင်လုပ်ပေးပါဦး' ဟုပြောလေသည်
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romantizm၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...