အပိုင်း ၇
ကျမ အိမ်ပြန်ရောက်တော့ ၆နာရီ ထိုးပြီးပြီ..၊
အိပ်ခန်းထဲမှာ ဝင်လှဲနေတုန်း သတိရသွားသည်က မေ ကိုဖြစ်သည်၊ ဒါနဲ့ ဖုန်းလှန်းယူပြီး မေ ဆီဖုန်းဆက်သည်....တီ တီ တီးးးးးး
'ဟက်လို''ဟက်လို မမမှူး'
ကြည်လင်နေသောအသံ'ဘာလုပ်နေလဲ မေ
ဖုန်းပြောလို့ရလား'
မေ အလုပ်လုပ်နေနိုင်တာမလို့ ကျမ ဝတ္တရား အရ မေးလိုက်ရသည်'ဟုတ် ရတယ် မမမှူး'
'ထမင်းစား ပြီးပြီလား မေ
အခု ဘယ်မှာလဲ ပြောပါဦး'
အိပ်ယာပေါ်ကနေ ထပြီး မှန်တင်ခုံမှာ ဝင်ထိုင်လိုက်သည်'ပြီးပြီ မမမှူး
လားရှိုးမှာ ရှိပါတယ် မအားလို့
မလာဖြစ်တာပါ၊ ဘာလို့လဲ နှင်းလာလို့လား'
အရိပ်အကဲ သိတဲ့ မေ ကတန်းသိပါသည်'ဟုတ်တယ်
ဒီနေ့ မမမှူးနဲ့ တွေ့တယ်လေ''နှင်း နေကောင်းရဲ့လား မမမှူး
ငိုနေသေးလား... ဒါမှမဟုတ် မေ ကိုစိတ်ဆိုးနေလား'
ဒီစကားတွေမှာတော့ လေးပင်နေသည်ကို ကျမခံစားမိသည်'နေတော့ ကောင်းပါတယ်
ငိုတယ် ငိုတာမှ မမမှူးမှာ မနဲ့ချော့လိုက်ရတယ် ပြီးတော့ မေ လုပ်ရပ်တွေကိုနားမလည်တော့ သူမှာ နာကျင်နေရတယ် မေ'
မှန်ထဲက ကိုယ့်ကိုကိုယ်ကြည့်ပြီး သက်ပြင်းချမိသည်'မေ တခုခုဖြစ်နေလို့လား၊ မမမှူးကို ပြောပြလို့ရမလား ဒါမှ မမမှူးက နှင်းကို ထိန်းသင့်တာထိန်းပြီး နှင်းကို စိတ်ဖြေပေးနိုင်မှာလေ
ဟုတ်တယ်မလား '
ထိုအချိန်မှ မေ အသံထွက်လာသည်'ဟုတ် မမမှူး၊ အမှန်ကလေ မေ နှင်းနဲ့ အခုလိုမနေချင်ပါဘူး ဒါပေမဲ့ ဒီလိုနေမှ နီးခွင့်ရမယ်တဲ့၊ မေလဲ နှင်းထက်မလျော့တဲ့ လွမ်းဆွတ်မှူဒဏ်တွေကို ခံနေရပါတယ် မမမှူးရယ်'
'ဒါဆိုလဲ နှင်းကို အကျိုးသင့်အကြောင်းသင့်တော့ ပြောသင့်တယ်မလား... ဒါမှ သူလဲ အားတင်းပြီး ရှင်သန်နိုင်မှာလေ၊ ဒါမှ သူမျှော်လင့်ချက်ရှိမှာလေ'
'ပြောခွင့်မပေးဘူး မမမှူး
ပြောလိုက်ရင် မျှော်လင့်ချက်နဲ့ ရှင်သန်နေမှာကို မလိုလားဘူးတဲ့'
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romance၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...