အပိုင်း ၃၆
မှာစရာ ရှိတာ မှာပြီးသွားမှ ဆရာဝန်တွေ ထွက်လို့သွားသည်...ထိုအချိန်မှ သက်မှူးကို စောင်သေချာခြုံပေးကာ ငေးကြည့်နေချိန် ဘေးက ပိုးသားဖြူကို သတိရသွားမိကာ လှည့်ကြည့်မိတော့ ဧကရီကို ကြည့်နေတဲ့ ပိုးသားဖြူနဲ့ အကြည့်ချင်းစုံခဲ့ရသည်....
ညစာကို ဘုရားကြီးနာမှာ အဆင်ပြေတာလေး သွားဝယ်စားလိုက်သည်၊ ပိုးသားဖြူက ဘာစားမလဲ မသိတာကြောင့် မုန့်ဟင်းခါးတပွဲ ပါဆယ်ဝယ်လာလိုက်သည်... ဧကရီ အခန်းထဲ ပြန်ဝင်လာတော့ ပိုးသားဖြူက သက်မှူးဘေးနားမှာ ထိုင်ခုံယူထိုင်ပြီး အိပ်ပျော်နေတာတွေ့ရသည်... ဒါကြောင့် မုန့်ဟင်းခါးကို ပန်းကန်ထဲ လှည်ပေးပြီး ဘေးရှိစာပွဲပေါ်မှာ တင်ပေးထားပြီး လုပ်စရာရှိတဲ့အလုပ်တို့ကို ပြီးပြတ်အောင် လုပ်ရသည်...
ပိုးဖြူ နိုးလာတော့ ဧကရီက ပြန်ရောက်နေပြီ ဖြစ်သည်၊ အချိန်ကို ကြည့်တော့ ၉ခွဲနေပြီ ဖြစ်၏.. ဘာမှ မစားရသေးဘဲ အိပ်ပျော်သွားခဲ့တာဆိုတော့ ဗိုက်ဆာလို့နိုးလာတာဖြစ်သည်၊ မြမှူးကိုကြည့်လိုက်တော့ သတိရမလာသေးဟန်... ချိတ်ပေးထားတဲ့ ဆေးပုလင်းက အသစ်ဖြစ်မည့်ဟန် ၊ အနံ့လေး ရလို့ ဘေးကစာပွဲကို ကြည့်လိုက်တော့ ပန်းကန်လုံးတလုံးကို ပန်းကန်ပြားနဲ့ အုပ်ထားတာတွေ့ရသည်...
ကြည့်လိုက်တော့ မုန့်ဟင်းခါးတွေဖြစ်ပြီး ဆောင်းဝင်လာသည်မို့ အေးစက်နေပြီ ဖြစ်သည်၊ မြမှူးအတွက်တော့ မဟုတ်လောက်ဘူးလို့ ထင်ပါသည်... ဒါတွေက မြမှူးနဲ့ မတည့်ဘူးမလား ၊ ဆိုဖာရှိရာစီ အကြည့်ရောက်မိတော့ အိပ်ပျော်နေပြီဖြစ်တဲ့ ဧကရီကို တွေ့ရသည်.. ဗိုက်ထဲက မြည်ဟီးသံကြောင့် အစားကိုသာ အာရုံရောက်ခဲ့ရသည်၊
မနက်ပိုင်း အန်တီစိုးတို့ ရောက်ချိန်အထိ သက်မှူးသတိရမလာသေးပါ...အန်တီစိုးတို့မှာ ပျာယာခတ်နေပြီဖြစ်သည်
'ဒါဆို သမီးငယ်လေးက မနေ့ညနေထဲက သတိမရသေးတာပေါ့ ဟုတ်လား ပိုးဖြူ' ဟု သမီးဖြစ်သူကိုကြည့်ကာ မေးသည်
'ဟုတ်တယ် အန်တီစိုး' လို့ ဘေးမှာ ရှိနေတဲ့ပိုးသားဖြူက ဖြေသည်
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romance၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...