မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့အချစ်ဦး

574 34 3
                                    

အပိုင်း ၄၂

ရုတ်တရက် ဆွဲကိုင်ခြင်းခံလိုက်ရသော လက်ကောက်ဝတ်... ဧကရီ လန့်သွားကာ ဆွဲလာသောသူကို လှည့်ကြည့်လိုက်မိသည်....

'မင်းသူ' ဟု ဧကရီ ခေါ်သံနှင့်အတူ

'ခဏ' ဟူသော အသံနောက် ဆွဲခေါ်ရာ ဧကရီရုန်းရင်း ပါသွားရသည်..... လက်ကောက်ဝတ်ရဲ့နာကျင်မှူရော စိတ်တိုမှူတွေကြောင့် မင်းသူကိုင်ထားတဲ့ လက်ကို အားကုန်သုံးကာ လွှတ်ထုတ်လိုက်သည်...

'နင်ကိုယ်နင် ဘာများမှတ်နေတာလဲ မင်းသူ
နင်လူမဟုတ်ဘူးလား' ဟုနာသွားတဲ့ လက်ကောက်ဝတ်ကို ပွတ်ရင်းအော်ပြောလိုက်သည်

'အေး ငါက လူ မလို့ ဒီလိုဖြစ်နေတာ
နင်သိလား ဧကရီ ငါ့ အသိစိတ်ထဲမှာ နင်ကိုပဲ သတိရနေခဲ့တာ ၊ ငါမှားသွားတာ ဟုတ်တယ် နင်ခွင့်လွှတ်ပေးလို့ မရဘူးလားဟာ' ဟု ပြောလာတဲ့ မင်းသူကို ဧကရီစူးစိုက်ကာ ကြည့်လိုက်ရင်း

'အစကတော့ ငါနင့်ကို သူငယ်ချင်းအနေနဲ့ ရှိနေခွင့်ပေးဦးမလို့ပဲ... အခု နင့်လုပ်ရပ်ကြောင့် နင်နဲ့ငါ ဘာပတ်သက်စရာမှ မလိုတော့ဘူး....'
ပြောပြီး ပြန်လှည့်ဖို့ လုပ်လိုက်ချိန်မှာ ထပ်မံကာ ဆွဲခံလိုက်ရသော လက်တဖက်

'နေဦး ဧကရီ
ဘာလို့လဲ ငါ့ကိုယ်ငါ ပြုပြင်ပါ့မယ်လို့ပြောနေတာတောင် နင်ဘာလို့ နားလည်မပေးနိုင်ရတာလဲ..... မျှော်လင့်ချက်ရှိသေးတဲ့ ငါ့ကိုတော့ လက်လွှတ်လိုက်ပြီး ဟိုကလေးမအနားမှာပဲ နေနေတာ ဘာအကျိုးရှိမှာ မလို့လဲ ၊
သူက ငါ့ထက် ဘာတွေများသာနေလို့လဲ ဧကရီ' ဟုမေးလာတော့ ဧကရီ သက်ပြင်းချလိုက်ကာ လက်ကို ဆွဲယူလိုက်ပြီး

'နင်ကိုယ်နင် ဘယ်လောက်ပဲ ပြုပြင်ပါစေ ငါနင့်ကိုမလိုချင်ဘူး မင်းသူ... အပြစ်ပြောစရာ တစက်မှ မရှိတော့အောင်ပဲ နေနေ ငါ့အတွက်အရေးမပါဘူး...' ဟုပြောကာ တချက်မဲ့ပြုံးပြုံးလျက်

'သက်မှူးအနားမှာ ငါနေတော့ ဘာဖြစ်လဲ
ငါချစ်တဲ့ သူအနားမှာ ငါနေတာလေ..
ငါစိတ်ချမ်းသာရတယ် ပြီးတော့ နင်ထက်ဘာတွေများသာနေလို့လဲ ဟုတ်လား.. နင်သေချာနားထောင် မင်းသူ ၊ သက်မှူးက ငါ့အပေါ်သစ္စာရှိတယ် အဲ့အချက်ထဲနဲ့တင် ငါ့အတွက်လုံလောက်ပြီ နားလည်လား'

မြတ်နိုးရသော ဧကရီ  (သို့)  ကျမရဲ့ အချစ်ဦးWhere stories live. Discover now