အပိုင်း ၉
'ဒီဆိုင် အတွက်က အဲ့တာတွေပဲ လိုတာ ကျန်တာတော့ နင်ကြည့်မှာလိုက် ပေါ့'
'ဟုတ်ကဲ့ပါ'
fashion ဆိုင်အတွက် လိုအပ်သည်များကို အမရနံ့က ပြောပြနေခြင်းဖြစ်သည်....
'ဘယ်သူနဲ့ ပြန်မှာလဲ ပိုးဖြူ
ဒီမှာ အိပ်မှာလား''မအိပ်ဘူး အမရနံ့
မြမှုး လာခေါ်မှာ''အင်း
ဒါနဲ့ နောက်အပတ်ကျရင် ဆိုင်အတွက်မှာထားတဲ့ dressတွေရောက်ဖို့ရှိတယ်...အဲ့တာ အချိန်ဖယ်ထားဦးနော် ငါက ရောက်တာနဲ့ရိုက်ချင်တာ''ဟုတ်
ဘာ dressတွေလဲ ''ပွဲတက်ပေါ့.... ပြီးတော့ ရိုးရိုးလေးတွေရော'
'dressပဲလား တခြားရော'
ပိုးဖြူမေးရသည်မှာ အကြောင်းရှိသည်...dressသီးသန့်ပဲဆို သူတယောက်ထဲ မော်ဒယ်လုပ်ရမည်....အဖွဲ့တွင် လူ၄ယောက်ရှိသည်၊တယောက်တမျိုး ဝတ်စားဆင်ယင်ကြသည်...
ရနံ့က လူကြီးနည်းနည်းဆန်သည်၊ မြန်မာဝမ်းဆက်များသာ ဝတ်လေ့ရှိသည်၊ ဒါကလဲ မိဘနှင့်အချိန်အတန်ကြာအောင် နေလာခဲ့ရသော သမီးတယောက်ဖြစ်နေတာလဲပါမည်...
ယုယကတော့ သူနဲ့လိုက်ဖက်သော စကပ်များကို ဝတ်လေ့ရှိသည်၊အဖွဲ့ထဲမှာ အရပ်အရှည်ဆုံးဖြစ်ပြီး ခြေတံရှည်၍ စကပ်တိုများ ဝတ်လိုက်ရင် သိပ်ကို ကြည့်ကောင်းသည်...
ပိုးဖြူကတော့ ခန္ဓာကိုယ် အလှဆုံးဟု ပြောရမည်.. ဒါကြောင့် သူမဝတ်သော ပုံစံများမှာ သူမရဲ့ အလှအပများကိုထင်ရှားစေသော ဂါဝန်များကို အဝတ်များသည်၊မြန်မာဝမ်းဆက်များ ဝတ်လျှင်လဲ တမျိုးလှနေတတ်သည်၊ ပိုးဖြူအမေကိုတွေ့ဖူးပါက အမေဆီက အလှအပများကို အမွေရထားသည်ဟု ချက်ချင်းသိလိမ့်မည်
မြမှူးကတော့ ဘောင်းဘီနဲ့ shirt ကိုသာ အဝတ်များသည်၊ အကိုနဲ့မောင်လေး ကြားမှာ ကြီးပြင်းလာရသော မြမှူးမှာ မိန်းမတယောက်၏ အလှအပထက် ယောကျားတယောက်ကဲ့သို့သာ ခန့်ညားနေခဲ့သည်၊ ထိုသည်မှာ ဖခင်ဖြစ်သူဆီက အမွေရထားသော မေးရိုးထင်ထင်ကြောင့်လဲ ပါမည်...ဒါပေမဲ့ သူမရဲ့ ဒီဇိုင်းနဲ့ သူမက သိပ်ကိုလိုက်ဖက်လှပါသည်.....'ဟုတ်တယ် dressပဲလာမှာ ဒီတခါက'
စားပွဲပေါ်သို့ ခေါင်းတင်လိုက်ပြီး
'ဘာလို့လဲ အမရနံ့ကလဲ'
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romance၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...