ဆောင်းတွင်းရဲ့ အငွေ့အသက် အဖြစ်လေပြေအေးက တိုးဝင်ကာ မိတ်ဆက်သည်.... အချိန်မှန်ဖြစ်နေတဲ့ မျက်လုံးကြောင့် ကျမ နိုးလာတဲ့အချိန်က မနက် ၅နာရီ မိနစ်၂၀....
ကျမရင်ခွင်ထဲမှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ ဧကရီကို ကြည့်ပြီး ပြုံးမိသည်...၊ အပူပိုင်းဒေသမှာ နေခဲ့တဲ့ ဧကရီက ဆောင်းရဲ့ ပီပြင်လွန်းတဲ့ အအေးဓာတ်ကို နေသားမကျသေးပေ...စောင်သေချာခြုံပေးပြီး နှဖူးပြင်ကို နမ်းရှိုက်လိုက်တော့ ညီးသံလေးထွက်ပေါ်လာသည်...
ဧကရီ နိုးမလာဘူးဆိုတာ သေချာမှ မျက်နှာသွားသစ်ပြီး မီးဖိုချောင်ဘက်ထွက်လာလိုက်သည်...၊ အခု ကျမတို့ နေနေတာက ကျမရဲ့ တိုက်ခန်းမှာဖြစ်၏... လက်ထက်ပြီးသွားရင်တော့ ဧကရီနေခဲ့တဲ့ ခြံလေးထဲမှာ နေဖို့ အန်တီတို့က ပြောသည်...မနက်စာအတွက် သီးစုံထမင်းမကြော်ခင် ကော်ဖီတခွက်အရင်ဖျော်မိသည်.... ပြီးမှ ထမင်းကြော်ဖို့ စီစဥ်ဖြစ်၏...
အခုဆိုရင် ကျမ ဆေးရုံဆေးခန်းတွေနဲ့ ကင်းလွတ်ခွင့်ရခဲ့ ပြီဖြစ်သည်...၊ ဆေးသောက်ဖို့မလိုတော့...ဒါပေမဲ့ ရန်ကုန်မှာ
ရှိခဲ့တဲ့ အခြေအနေတွေကတော့ မနေ့တနေ့ကလို ရှိနေဆဲပင်...၊ ကျမရဲ့ ဒုတိယအကြိမ်မြောက်ခွဲစိတ်မှုသည် အားလုံးကို ပင်ပန်းစေခဲ့သော အချိန်ဖြစ်ခဲ့၏... ကျမ ကိုယ်တိုင်လဲ ပင်ပန်း နာကျင်ခဲ့ရပါသည် ၊ နူးညံ့တဲ့ အထိအတွေ့ကြောင့် ကျမနိုးလာရသည်... အုပ်မိုးကာ ကြည့်နေတဲ့ ဧကရီ ကိုတွေ့ရပြီး ကျမ အသက်ရှူကြပ်လာသည်ကို ခံစားခဲ့ရသည်... အဲ့နောက်မှာ ဧကရီရဲ့ ခေါ်သံ ၊ မျက်ရည်တွေနဲ့ အသည်းပေါက်မတတ်ခေါ်နေခဲ့တဲ့ အဲ့အသံက နောက်ဆုံးသော ကျမရဲ့ အသိတရားဖြစ်ခဲ့သည်...'သက်မှူး' ဟုခေါ်ကာ ခါးဖတ်လာသူ
'နိုးလာပြီလား ဧကရီ' ဟု ထမင်းကြော်ရင်း မေးလိုက်သည်
'အင်း
ဒါပေမဲ့ ဧကရီ နည်းနည်းလောက်ထပ်အိပ်ချင်သေးတာ' ဟု ပြောကာ ကျမကျောပြင်ထက် မျက်နှာအပ်သည်'ဒါဆိုလဲ သွားပြန်အိပ်လေ
စောသေးတာပဲ...' ဟုပြောကာ ဧကရီနဲ့ မျက်နှချင်းဆိုင်လိုက်သည်'သက်မှူးမှ မရှိတာ
တယောက်ထဲအိပ်ရင် အေးတယ်
မအိပ်တော့ဘူး'
အိပ်ချင်မူးတူးရုပ်နှင့် ဆူပုတ်ကာ ပြောနေတဲ့ ဧကရီကြောင့် ပါးနှစ်ဖက်ကို ဖြစ်ညှစ်လိုက်မိသည်
YOU ARE READING
မြတ်နိုးရသော ဧကရီ (သို့) ကျမရဲ့ အချစ်ဦး
Romance၁၇၊၁၈ဆိုတဲ့ အရွယ်မှာ ချစ်မိတော့ စိတ်ကစားတာတဲ့...၊၂၀၊၂၁ အရွယ်ရောက်တဲ့ အထိ ထိုအချစ်တွေက မပြောင်းလဲ ခဲ့ပြန်တော့လဲ ကံဇာတ်ဆရာရဲ့ အလိုကျ လိုက် က ရပြန်တယ်....။ အချစ်ရဲ့ သခင် မြှားနတ်မောင်ကပဲ မျက်နှာလိုက်လေသလား၊ ကိုယ့်ကပဲ အချစ်ကံခေနေသလား...