Part 2

8.1K 358 20
                                    

Unicode

စိုးကြီးတင်စားလိုက်သည့် စုတ်ချွန်းချွန်းဆိုသည့်စကားမှာ အမှန်တစ်ကယ်ကို ဝန်းပိုင်လင်းမောင်နှင့် လိုက်ဖက်မနေပါ။

ဗမာလူမျိူး ဦးကျော်ထွန်းနိုင်နှင့် ရှမ်းစပ်ဖြစ်သည့် ဒေါ်နန်းခေးဝါတို့၏  တစ်ဦးတည်းသော သားဖြစ်သူပီပီ ဝန်းပိုင်လင်းမောင်သည် အသားအရေစို၏။ဆယ်ကျော်သက်အရွယ်ဖြစ်၍ မှုန်နေအောင်မချောသေးသော်ငြား သူ့အရွယ်နှင့်သူ ပေါ်လွင်သောရုပ်ရည်မျိုးရှိသည်။

ပါးပေါ်ရှိ ထင်းနေအောင်ပေါ်သော  အတန်းလိုက် မှည့်နက်နက်လေး နှစ်လုံးနှင့် ပေါင်းကြည့်လိုက်မည်ဆိုပါက အတော်ကြည့်ကောင်းသော လူပျိုပေါက်အရွယ်လေး
ဟုဆိုနိုင်သည်။

ထို့ကြောင့်ပင် ဒေါ်နန်းခေးဝါသည် "မေ့သားက မေ့တူရင်အဲဒီလောက်မဟုတ်ဘူး၊ မင်းဖေဖက်တူလို့ချောတာ"ဆိုပြီး  အမြဲပြောတတ်သေးသည်။

သို့သော်လည်း စိုးကြီးအတွက်  မိမိဖက်မှ စိတ်ဝင်စားနေပါသော ဆယ်တန်းကျောင်းသူ တန်ခူးခင်၏ အာရုဏ်စိုက်မူကို အပြည့်ရထားသူ ဖြစ်နေယုံတင် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ဖို့ တုံ့ဆိုင်းမနေပါ။သူ့စိတ်နှင့်ဆိုရင် စုတ်ချွန်းချွန်းဆိုတာတောင် နည်းနေသေးတယ်။

"သြော်...မင်းကသာ စုတ်ချွန်းချွန်းနေ။
မင်း တန်ခူးခင်ကဖြင့် စားလည်းပိုင်လေး ထိုင်လည်းပိုင်လေးနဲ့ ။သူ အဲ့ဒီကောင်ကို  ကြွေနေတာ အသိသာကြီး။ ငါနဲ့ခင်တဲ့အစ်ကိုတွေတောင်သိတယ်။"

"အဲ့ဒါတော့ဟုတ်တယ်ဟိတ်ကောင်...ကြည့်တော့လည်း
ကြွေချင်စရာပါပဲ ။ဒီအစ်ကိုက အခု facebook ပေါ်က  ကောင်မလေးတွေ ပြောပြောနေတဲ့ boyfriend material typeလေ။စာကတော်သေးဆိုပဲ..."

ဒီတစ်ကြိမ် ဝင်ထောက်သူမှာ ချမ်းမျိုးသူ ဖြစ်သည်။

စိုးကြီးတို့သူငယ်ချင်းအုပ်စုမှာ အရွယ်မတူကြပါ ။ချမ်းမျိုးသူနှင့် အောင်သန်းနိုင်က ပြင်ဦးလွင်ဇာတိဖြစ်သည်။သူငယ်တန်းကစပြီး ပြင်ဦးလွင် ထ.၁ တွင်သာ တက်ခဲ့သော ကျောင်းသားများလည်းဖြစ်သည်။

စိုးကြီးကတော့  မန္တလေးမှ ပြင်ဦးလွင်သို့ အိမ်ပြောင်းနေရာမှ ကျောင်းပြောင်းခဲ့ရခြင်းဖြစ်သည်။ပြောင်းရသည့်အကြောင်းပြချက်မှာလည်း ကျောင်းသား တစ်ယောက်ပြီးတစ်ယောက်နှင့် စကားများ ရန်ဖြစ်သည့်အပြင်  ကျောင်းအုပ်က  အမြဲခေါ်ပြီး သတိပေး ခံရသောကြာင့် ပြောင်းခဲ့ရသည်။

ကျွန်တော်နှင့်သဲညှာ Where stories live. Discover now