Unicode
ကျောင်းကထိန်မုန့်စားပွဲတော်ရက်ဖြစ်သည်။
"မောင်ကြည့်ဦး... မောင့်သားက ပုံစံတွေဘာတွေပြောင်းလို့ပဲ။မှန်းစမ်း ဘယ်အတန်းက ကောင်မလေးလဲ"
ကျောင်းသွားရန် အိမ်ပေါ်က ဆင်းလာလာချင်း
ဝန်းပိုင်လင်းမောင်တို့ စောင်းပြောခံလိုက်ရတာဖြစ်သည်။ဒီနေ့က ဖေဖေ ကျောက်ဝိုင်းမသွားတာကြောင့် မမခေးတို့ အတင်းပြောဖို့ အဖော်ရသွားသည်။"မေခေးရာ ပုံစံပြောင်းတာနဲ့ပဲ သူတို့တွက် ဖြစ်ရောလားဗျ ရှိမှ တစ်ခါတည်း အိမ်ခေါ်လာမယ် အဲဒီကျမှ ကြည်ဖြူဖို့ပြင်ဗျာ"
ကျောင်းရဲ့အထိမ်းအမှတ်နေ့လေးမို့ ပုံစံလေး
နည်းနည်းပြောင်းလိုက်ခါမှ အိမ်ကတည်းက အစခံနေတာတော့မဟုတ်သေးပါဘူး။ခါတိုင်းဝတ်နေကျ ဝက်ဝံတံဆိပ်ကျောင်းစိမ်းပုဆိုး ဝတ်မလာပဲ ကွက်စိပ်သေးသေးလေးတွေပါသည့် အစိမ်းရောင်ပုဆိုး ပြောင်းဝတ်ထားသည်။
အင်္ကျ ီမှာလည်း ဝတ်နေကြ လက်ရှည် မဟုတ်ပဲ
လည်ဂတုံး လက်တိုဖြစ်ပြီး အပေါ်နှစ်လုံးလောက်က ရွှေကြယ်သီးလေးတွေ တပ်ထားသည်။ နဖူးပြေပြေလေးပေါ် ဝဲကျနေသည့် ဆံပင်တွေကိုတော့ နည်းနည်း သပ်တင်ထားလိုက်သည်။ပုံမှန်ဆိုမျက်လုံးအောက်က မှည့်တန်းလေးနှစ်လုံးပဲ ထင်းနေအောင် ပေါ်ပေမယ့် ဒီနေ့က ဆံပင်လှန်ထားသောကြောင့် နဖူးစပ်က မှည့်နက်လေးကပေါ်နေသေးသည်။
သူ တာဝန်ယူပေးထားသည့် ကိစ္စများအား ပေါ့ပေါ့ပါးပါး
လုပ်နိုင်ရင် အတွက် နည်းနည်းပုံစံပြောင်းထားယုံကလွဲလို့ ဝတ်နေကျအတိုင်း အဖြူအစိမ်းပဲ ဖြစ်သည်။ဒါ့အပြင် ဒီနေ့က တစ်ကျောင်းလုံး အတန်း
တက်ရမှာလည်း မဟုတ်တော့ ဒီပုံစံက အဆင်ပြေသည်။"ကြည်ဖြူပါတယ်တော်
ဒီမိန်းကလေးနဲ့သဘောမတူဘူး ဟိုပုံစံကိုမှ ကြိုက်တယ်လုပ်နေရအောင် ကျွန်မတို့က antique မဟုတ်ပါဘူး ""ဟုတ်ပါပြီ မမခေးတို့ကနော်
သေးသေးကို အတင်မခံတာ ဘယ်ဖက်သွားတူလို့လဲ"