Unicode
လက်မခံချင်ပဲ လက်ခံလိုက်ရသော မင်္ဂလာဆောင် ရက်နီးလာသည်နှင့်အမျှ နှစ်ယောက်လုံး ပိုပြီး စိတ်ရူပ်လာကြသည်။ဖုန်းတစ်လုံးကစလို့ လူပျောက် လိုက်ရှာရာက နှစ်ယောက်သား ဒီအခြေအနေထိ ရောက်ခဲ့ရတာကို စဉ်းစားလိုက်တိုင်း ခေါင်းကိုက်ရသည်။
ပြသနာဖြစ်ပြီး နှစ်ရက်လောက်ကြာသောအခါ ဗိုလ်သူရိန်က အဆောင်ကိုပြန်လာသည်။ဝန်းပိုင်လင်းမောင်အား
ဖုန်းလာပေးရင်း သူ့အစ်မမြင်းမူ ဆေးရုံမှာ ကလေးမမွေးနိုင်လို့ အိမ်က ဖုန်းလှမ်းဆက်ခေါ်သည့်အကြောင်းနှင့် ဘာမှစဉ်းစားချိန်မရပဲ စစ်ကိုင်းကို ချက်ချင်း ပြန်သွားရသည့်အကြာင်းများကို အလုံးစုံ သိရသည်။မောင်နှမ နှစ်ယောက်တည်းသာရှိသောကြောင့် ကိစ္စတွေကို အစအဆုံး လုပ်ပေးနေရသည့်အတွက် လာသမျှဖုန်းကို မကိုင်နိုင်ပဲ သူ့အစ်မ စိတ်ချရမှ ပြန်လာဖြစ်ကြောင်လည်း ပြောပြသည်။
ဒီရောက်မှ ဝန်းပိုင်လင်းမောင်တို့နှစ်ယောက်လုံး ဒီအခြေအနေထိရောက်သွားကြောင်း ဗိုလ်သူရိန်လည်းသိရသည်။ တစ်မြို့ထဲနေကြပြီး အရင်ကတည်းက သိကြမှန်းတောင် ရေရေလည်လည်မသိသည့် ဗိုလ်သူရိန်လည်း တော်တော် အံ့သြရသည်။
ဗိုလ်သူရိန်က လိုက်ရှင်းပြပေးချင်ကြောင်း ပြောသော်လည်း အားလုံးက လွန်ကုန်ပြီးဖြစ်သည်။ နှစ်ဖက် မိဘတွေက ပြင်ဦးလွင်ပြန်သွားကြပြီး အသိုင်းအဝိုင်းက လူနည်းစုကိုတောင် အသိပေးပြီးမှာမို့ အခုချိန်မှ ထရှင်းရင် ပိုရူပ်ကုန်တော့မှာဖြစ်သည်။
ဗိုလ်သူရိန်ဖက်ကလည်း အရေးပေါ်အခြေအနေကြောင့် မပြောမဆို ပြန်လိုက်ရတာဖြစ်သည့်တွက် ကိစ္စတွေက ဘယ်သူ့အမှားပါလို ပုံချလို့ မရပဲ ကံအကြောင်းတိုက်ဆိုင်လို့ ဖြစ်တာလို့ပဲ မှတ်ရမည်။
ယောကျာ်းလေးချင်းမို့ နောက်မှ အိမ်ထောင်ရေး အဆင်မပြေဘူးဟုအကြောင်းပြကာ ပြတ်စဲ လို့ရတာပဲလို့ နှစ်ယောက်လုံး၏စိတ်ထဲတွင် အလွယ်တွေးထားကြတော့သည်။
စာမေးပွဲပြီးသည်နှင့် ပြင်ဦးလွင်သို့ တူတူ ပြန်ရမှာဖြစ်ပြီး လောလောဆယ် ကိုယ့်အဆောင်ကိုယ် ပြန်နေကြသည်။