Unicode
ဘုန်းကြီး ဆွမ်းကပ်ပြီးသောအခါ ဧည့်သည်များအားတစ်ခါ ဧည့်ခံရပြန်သည်။ရင်းနှီးနေသည့် မိတ်ဆွေ အနည်းကျဉ်းလည်းဖိတ်ထားသော နှစ်ဖက်မိဘများလည်း အလုပ်များနေကြသည်။
သတို့သားနှစ်ယောက်မှာဖြင့် တစ်ယောက် တစ်နေရာမှာရှိပြီး ကိုယ့်အသိတွေနားမှာ ကိုယ်စီ ထိုင်နေကြသည်။ဒါကို သတိထားမိသော ဒေါ်လေး စမ်းအေးက မေးလာတော့သည်။
"စိုးသဲညှာ....ကိုယ့်အိမ်သားနား ကိုယ်မနေပဲ ဒီမှာ ဘာလို့လာထိုင်နေတာလဲ။"
"မနေချင်ပါဘူး။သူလည်း သူ့ဘာသူနေတာပဲကို "
"ဟဲ့...မနေချင်လို့ ရမလား ။အစက ငါတို့က ကိုယ့်တူ ယောကျာ်းလေးချင်းယူမယ်ဆိုတော့ အံ့သြနေတာ။အခုတော့ အံ့သြမနေတော့ဘူး။နင့် အိမ်သားလေးက အချောသား"
"ဘယ်နားချောတာလဲ။အဲဒီ မျက်ခုံးမွှေး ကျိုးတို့ ကြဲတဲနဲ့ကောင်က "
" ဘယ်နားကြဲလို့လဲ။မကြဲပါဘူးဟဲ့... မင်းတို့ဟာက တစ်ကယ်နှစ်သက်လို့ ယူတာရော ဟုတ်ရဲ့လား "
မကြဲမှန်းသိပေမယ့် တမင်သက်သက် ပြောနေသဖြင့် စိုးသဲညှာ ပြန်ဖြေမနေပဲ သူ့ငယ်သူငယ်ချင်းတွေနှင့် စကားပြောနေသည့် ပိုင်လေးဖက်ကို လှမ်းကြည့်လိုက်သည်။
Stateကျောင်းကတည်းက ပေါင်းခဲ့သည့် မင်းခန့်လွင်နှင့် အဆက်အသွယ် မပြတ်သေးသဖြင့် ဝန်းပိုင်လင်းမောင် က ဖိတ်ထားသည်။ယောကျာ်းလေးချင်းယူသည်ထက် စိုးသဲညှာနှင့်မို့ အံ့သြမဆုံး ဖြစ်နေသည့် မင်းခန့်ကိုတော့ သူတို့ ပြသနာအကြောင်း ပိုင်လေး ရှင်းမပြမိပါ။
ဘုန်းကြီး ဆွမ်းကပ်ပြီးကတည်းက ကပ်မနေကြသောနှစ်ယောက်ကြောင့် ပိုင်လေး အမျိုးတွေမှာ သဲညှာကို ကောင်းကောင်း မြင်ချင်နေကြသည်။
"ပိုင်လေး...သားအိမ်သားလေးကို ခေါ်ပါဦး"
ပိုင်လေး ခေါင်းငြိမ့်ပြပြီး မလှမ်းမကမ်းမှာ ရှိသည့် စိုးသဲညှာ ကို လှမ်းခေါ်လိုက်သည်။
"စိုးသဲညှာ !ဒီဖက်ခဏလာခဲ့ဦး "
စိုးသဲညှာက မကြားချင်ယောင်ဆောင်နေသဖြင့် ဒေါ်မိုးမြင့်မြတ်က မျက်နှာရိပ်ဝင်ပြလိုက်သည်။