Unicode
ကျောပေးထိုင်နေသာ စိုးသဲညှာ ပုခုံအား တန်ခူးခင်လှမ်းပုတ်လိုက်သည်။သဲညှာလည်း ချက်ချင်းလှည့်ကြည့်လာသည်။
"ဝန်းပိုင်လင်းမောင်ကို ဘာလုပ်လိုက်တာလဲ "
"ဟင်း...ငါ့သာ မိန်းမစိတ်ပြောပြီး သူကျ အကုန် တိုင်ကြောထူထားတာပဲ "
"သူကမပြောပါဘူး။ကိုယ့်ဟာကိုယ်သိတာ ဒါဆို မင်းလုပ်တာသေချာတယ်ပေါ့ "
"သိရင်လည်း ဘာလို့လာမေးနေသေးလဲ
အချိန်ကုန်အောင်"ထမင်းစားတုံးက သက်သက်တစ်ဝိုင်းကျသော အောင်သန်းနိုင်နှင့် ချမ်းမျိုးသူကတော့ ဘာတစ်ခုမှ နားမလည်ပဲ ပြူးကြောင်ကြောင်ဖြစ်နေကြသည်။
"သေချာအောင်မေးရတာ ဟိုတစ်ခါကကျောင်းမှာ စကားများကြတုံးက တစ်နှစ်ငယ်လို့ဝင်မပြောလိုက်ပေမယ့် ကိုယ်ထိလက်ရောက်ကြီးကျ လွန်တယ်မထင်ဘူးလား "
သဲညှာကတော့ သူ့ကိုမေးနေတာ မဟုတ်သလိုနဲ့ ပေစောင်းစောင်းသာကြည့်နေလိုက်သည်။
"ဒီမှာဟိုကောင်... ကိုယ့်စော်ကိုယ်ခေါ်သွား။လာပြီး ဆုံးမနေရအောင် ဒီနားမှာသူ့တပည့်တစ်ယောက်မှမပါဘူး "
တန်ခူးခင်ကိုတည့်ပြောမနေပဲ အနောက်ကရောက်လာသောဝန်းပိုင်လင်းမောင်ကိုသာ ဦးတည်ပြောလိုက်သည်။ဟိုတစ်ယောက်က မိန်းကလေးမို့ တုမပြောချင်တာလည်းပါသည်။
"ငါ့ကိုရိုင်းတာသိပ်ကိစ္စမရှိပေမယ့် အခုမင်းနဲ့ပြောနေတာ မိန်းကလေးဆိုတာသတိထားပြီး ဒီလောက်ပဲ ရိုင်းစိုင်းစမ်းပါ "
ရုတ်တရက်ကြီး ပေးစားခံလိုက်ရတာကြောင့် ပိုင်လေးမျက်နှာမှာလည်း အတော်ပျက်သွားပြီး စိတ်တိုသွားသည်။ပိုင်လေး တန်ခူးခင်ဖက်ကို ကိုယ်တစ်စောင်း လှည့်ပြီး ပြောလိုက်သည်။
"ငါဘာမှမဖြစ်ဘူးလို့ပြောတယ်လေ ဒီလိုကောင်ကို နင်က ဘာမှကိုသွားမေးစရာမလိုတာ "
"ဒါမယ့်ပိုင်လေး.... နင်ထိခိုက်မိလို့ ငါက.."
"အဲ့ဒီလောက်တောင်ချစ်ကြည်နူးနေကြရင်လည်း ကြိုးခိုင်ခိုင်တစ်ချောင်းဝယ်ပြီး နှစ်ယောက်သား ပူးပြီးချည်ထားကြ။သူများတွေ ဘုရားဖူးလာတာ မနောပျက်တယ်။ သွားမယ် ဟေ့ရောင်တွေ လာ"