Unicode
"စိုးသဲညှာနော် ...ရှိရဲ့သားနဲ့ သားနာမည်ခေါ်တိုင်း
ဆရာမက သုံးခါလောက်ခေါ်မှ ရပ်ရပ်ပြတယ်။ အဲ့တာဘယ်လိုဖြစ်လို့လဲ "စိုးကြီး ခေါင်းအသာရမ်းပြလိုက်သည်။ဖြေမိရင် ပေကရှည်နေအုံးမှာလေ။
"ကဲ...ထိုင်တော့ ထိုင်ထိုင်။ နောက်တစ်ခါ တစ်ခါထဲတန်းထူးနော် "
"ဟုတ်"
"မောစရာကြီးကွာ...ငါအဲ့တာကြောင့် ဒေါ်ခင်သန္တာအတန်းချိန်
ကိုမကြိုက်တာ။ လူကို စိုးသဲညှာ စိုးသဲညှာနဲ့ သူကသာခံတွင်းတွေ့နေတာ ငါက imageထိတယ်ကွ ""ဘာကို image ထိတာလဲ အဲ့တာမင်းနာမည် အရင်းပဲကို"
"တော်တော် ဟေ့ရောင် မေမေတို့ကိုကအလုပ်မဟုတ်တာပါကွာ။စိုးတစ်လုံးထဲ ပေးတာမှဟုတ်နေတာကို နောက်က သဲညှာကြီးက ဘာလုပ်မှန်းမသိဘူး မိန်းမဆန်ကဆန်နဲ့ တောသားကြီးကျလို့"
စိုးကြီးပေါက်ကွဲပြတော့မှ သူငယ်ချင်းနှစ်ယောက်မှာ မရယ်ပဲမနေနိုင်ဘဲ တဟီးဟီးနဲ့ကြိတ်ရယ်ကြတော့သည်။
_________________________________
ကျောင်းတစ်ဝန်းလုံးမှာ ကထိန်မုန့်စားပွဲရှိသောကြောင့်သူ့အတန်းနှင့်သူအလုပ်များနေကြသည်။ကျောင်းမှာပွဲတစ်ခုခုရှိပါက ထုံးစံအတိုင်း ဟိုဟိုဒီဒီနှင့် စာကလည်း သိပ်မသင်သဖြင့် မုန့်စားပွဲကိုသာ အာရုံစိုက်နေကြသည်။
အလုပ်များနေသူများထဲတွင် ဝန်းပိုင်လင်းမောင်တို့ အတန်းလည်းအပါအဝင်ဖြစ်သည်။
သူငယ်ချင်းများ ဆရာမများနှင့် တိုင်ပင်အပြီးတွင် ကြက်ဆီထမင်းနှင့် lemon tea ရောင်းပေးမည်ဟုသာ အတည်ယူလိုက်ကြသည်။
ဆယ်တန်းမှာ Aခန်းကနေ F ထိရှိသောကြောင့် အငယ်တန်းများအားရောင်းပေးမည့်ကဒ်နှင့် မိမိတို့ အကြီးတန်းများ ဝယ်မည့်ကဒ်အား ပျမ်းမျှတွက်ရသည်။
"သား ပိုင်လေး...သားမေမေက ကြက်ဆီထမင်း ချက်
တတ်တယ်မလား အရသာလည်းကောင်းတာပဲ ဆရာမတို့ မနန်းခေးကိုပဲ order အပ်ချင်တယ် မေမေက အဆင်ပြေလား သား""ဟုတ် မေခေး အားလား ကျွန်တော်အိမ်ပြန်ရင် မေးကြည့်
ပေးပါ့မယ် အားရင်တော့ order သဘောမျိူး မဟုတ်ပဲ
မေခေးက ကျောင်းကိုပဲ လာလုပ်ပေးလောက်ပါတယ်"