Part 22

5K 269 10
                                    

Unicode

"ဝန်းပိုင်လင်းမောင်....."

ရေချိုးခန်းထဲ ဝင်သွားပြီး ဆယ်မိနစ်လောက်ကြာသောအခါ စိုးသဲညှာက နောက် တစ်ခါထပ် ခေါ်လာပြန်သည်။သူရေချိုးနေတာကို ကုတင်ပေါ်မှာ ငုတ်တုတ်  ထိုင်စောင့်ပေးနေရသေးသဖြင့် ပိုင်လေး စိတ်မရှည်တော့ပဲ လှမ်း အော်လိုက်သည်။

"ဘာလဲ ဘာဖြစ်ပြန်ပြီလဲ "

"ငါ ဟိုဖက်အိမ်က ရေချိုးခန်းထဲမှာ အဝတ်အစား မေ့ခဲ့လို့ "

"စိုးသဲညှာကွာ ....မင်းက ချီးထုပ်ပဲ "

"ဘာကွ ... မယူပေးချင်လည်းနေ။ ငါ့ဘာငါ ရေစိုနဲ့ ပြန်မယ်။မင်းငါ့ကို ချီးထုပ်တွေ သေးထုပ်တွေ လာခေါ်စရာမလိုဘူး "

"နေနေ ဟေ့ကောင်...ငါယူပေးမယ် "

ယူပေးမယ်ဆိုပြီး  ဟိုဖက်အိမ်ကို ပြန်မသွားတော့ပဲ ဒီဖက် အခန်းမှာ ကျန်နေသေးသည့် သူ့အဝတ်အစားတစ်ချို့ကိုပဲ ထုတ်လာလိုက်သည်။ဘောင်းဘီ ပေးလိုက်ရင်လည်း မင်းဝတ်ပြီးသားကြီး မဝတ်ချင်ဘူး ဆိုပြီး နားကငြီးအုံးမှာကြောင့် ခရမ်းရောင် ပုဆိုးကွက်စိပ်လေးနှင့် သူဝတ်နေကျဖြစ်သော ခါးကြိုးချည်ပါသည့် ရိုးရာ အင်္ကျ ီ အဝါဖျော့လေး ထုတ်လိုက်သည်။

အင်္ကျ ီနှင့် ပုဆိုး ပေးရန် ပိုင်လေး ကတံခါကို ခေါက်လိုက်မှ အပေါ်ပိုင်းကို  တဘက်ကြီး ခြုံပြီး ခေါင်းထွက်လာသည်။

"ဟိုဖက်ထိ သွားမယူပေးနိုင်ဘူး။ငါ့ဟာပဲ ဝတ်လိုက် "

"မင်းဟာကြီး မဝတ်ချင်ပါဘူး "

"မင်းကများ ပြောရတယ်ရှိသေး။ငါ မင်းထက် အဆတစ်ရာသန့်ရှင်းတယ် စိုးသဲညှာ။အင်္ကျ ီကို နမ်းကြည့်တာနဲ့ ကိုယ်သင်းနံ့တောင် ပြန်ရတယ် သဘောပေါက် "

ဝန်းပိုင်လင်းမောင်၏ စကားအား  နှာခေါင်းရူံ့ပြီး ဟင်းကနဲ တစ်ချက်လုပ်ပြသည်။

"မင်းဘယ်သူမှမမေးဘူး ။ပေး ..."

ဒီကောင့် အဝတ်အစား မဝတ်ချင်ပေမယ့် ဒီနေ့မှ ရောက်သည့် အိမ်မှာ ရေစိုကြီးနှင့် သရုပ်မပျက်ချင်သဖြင့် ယူလိုက်ရသည်။အင်္ကျ ီကိုတစ်ချက်နမ်းကြည့်လိုက်မှ သလဲသီးနံ့လိုမျိုး သင်းသင်းလေးရသည်။အချို့လူတွေက သူတို့သုံးသည့် lotion အနံ့က အဝတ်တွေပါထိ စွဲတတ်သည်ဟု ကြားဘူးသောကြောင့် ဒီကောင် သလဲသီး အနံ့သုံးတာ နေမှာလို့ မှတ်ချက်ချလိုက်မိသည်။ပြီးမှ စိုးသဲညှာ လန့်ပြီး ကိုယ့်ပါးကိုယ် တစ်ချက်ပြန်ရိုက်လိုက်သည်။

ကျွန်တော်နှင့်သဲညှာ Where stories live. Discover now