Unicode
အေးစက်စက်ဖြင့် ပေါက်ထွက်မတတ် စိုက်ကြည့်နေ
ကြသော မျက်ဝန်း နှစ်စုံကြောင့် မိုးတွင်းကြီးမှာ ကြက်သီးထချင်စရာကောင်းနေသေးသည်။ဝန်းပိုင်လင်းမောင်က ခနဲ့သလိုဖြင့် နှုတ်ခမ်းကို တစ်ခြမ်းထဲ ကွက်ပြုံးလိုက်ပြီး....
"တည့်တည့်ပြောဆိုတော့လည်း ကောင်းတာပေါ့။မင်းရဲ့ မကောင်းတဲ့ စရိုက်တွေကို အားနာစရာမလိုတော့ဘူးလေ "
နှစ်ပေအကွာလောက်မှာရပ်နေသော စိုးသဲညှာ၏ ကိုယ်လုံးမှာ ပိုင်လေးစကားကြောင့် မတ်ကနဲခဏဖြစ်သွားပြီးမှ မျက်နှာထားအား ရုတ်ချည်း ပြောင်းပစ်လိုက်သည်။
"ငါအကျင့်မကောင်းမှန်း မင်းသိထားတော့လည်း ကောင်းတာပေါ့။ တကူးတက ပြောနေစရာမလိုတော့ဘူးလေ "
နှစ်ယောက်လုံး၏ ကိုယ်တွင် စိုရွှဲနစ်နေသော မိုးရေများကြောင့် မျက်နှာချင်းဆိုင်ရပ်နေသော သူတို့ကြားတွင် ရေအိုင်ငယ်လေး လိုဖြစ်နေသည်။ပိုင်လေး အံတင်းတင်း တစ်ချက် ကြိတ်လိုက်ပြီး ဘာမှမဖြစ်ဟန်ဖြင့် ဆက်ပြောလိုက်သည်။
"ဟုတ်တာပေါ့ စရိုက်မကောင်းတဲ့သူတွေက ဘယ်သူက
ဘယ်လောက်ပြင်ပေးပေး မရဘူး ""မင်းအရမ်းပင်ပန်းမှာပဲနော်။ဒီလတွေထဲ မရတဲ့ငါ့ကို ပြင်ပေးနေရတာ။သနားပါတယ်ကွာ ကျွတ်ကျွတ် "
"တောက်...ငါ့ကို လာပြီး မရွဲ့နဲ့ စိုးသဲညှာ။ "
"မင်း ငါ့ကိုအရင်လာရွဲ့တာ ဝန်းပိုင်လင်းမောင်။"
ဟိန်းထွက်နေသော ပိုင်လေးအသံနှင့်အညီ စိုးသဲညှာလည်း ထပ်တူ အော်ပစ်လိုက်သည်။တော်သေးတာက မိုးသဖြင့် အသံလုံနေသဖြင့် ဘေးက မသိနိုင်ပဲ သူတို့အချင်းချင်းသာကြားရသည်။
"ငါ့ကိုလာပြီး တောက်တခတ်ခတ်နဲ့ မပြောနဲ့။ငါ့ကိုမွေးထားတဲ့ မိဘတွေတောင် မင်းလိုမျိုး ငါဘယ်လို စရိုက်ရှိပါတယ်ဆိုပြီး မဝေဖန်ဘူး "
"မဝေဖန်စေချင်ရင် ကိုယ်က အပစ်ကင်းအောင် ၊ မှန်အောင် နေရတယ်။ အဲဒီလို ဝေဖန်တယ်ဆိုကတည်းက မင်းစရိုက် မကောင်းလု့ိ ဝေဖန်ခံရတာ နားလည်လား "