Unicode
"ငါတို့ major ဆရာမက သူ့အချိန်နောက်ကျရင် တပွမ်ပွမ်နဲ့။ဒီနေ့တော့ မင်းတို့နဲ့ တူတူ လိုက်မစားနိုင်တော့ဘူး "
ချမ်းမျိုးသူမှာ ခေါင်းဖြီးနေရင်းဖြင့် 8နာရီထိ အိပ်ရာ မထပဲ ဖုန်းနဲ့နှပ်နေသည့် ငပျင်းနှစ်ကောင်အား လှည့်ပြောနေရသည်။အဆောင်တူကြသော်လည်း ချမ်းမျိုးသူက မန္တလေး တက္ကသိုလ်တွင် physics တက်နေတာဖြစ်ပြီး စိုးသဲညှာတို့နှစ်ယောက်ကသာ ရတနာပုံက ဖြစ်သည်။ဒါကြောင့် အတန်းချိန်တွေက အမြဲလွဲတတ်သည်။
"ငါတို့minor ဆရာမလည်း ပွမ်တာပါပဲ
အပျိုကြီးဆိုတော့လည်း ပွမ်တာပေါ့ကွာ ထုံးစံပါပဲ ""မင်းအဲလိုပါးစပ်ကြောင့် ခုထိ ရည်းစားမရသေးတာ စိုးသဲညှာရေ "
"ဘောကိုစိုးသဲညှာ ...စိုးကြီး ဟေ့ကောင် "
ငယ်ငယ်ကတည်းက ဒီအချိန်ထိ စိုးသဲညှာလို့ ခေါ်တဲ့သူက လက်ချိုးရေလို့ရသည်။အိမ်က အမေသာ ပြောမရလို့ သဲညှာလေးလို့ခေါ်တာ လွှတ်ထားလိုက်ရသည်။
"ရည်းစားကတော့ မင်းတို့တွေလို တွေ့ရာကောက်ထားတဲ့ဝါသနာကပါမလာလို့ပါ။တောင်းပန်ပါတယ် "
ိုစိုးသဲညှာစကားကြောင့် ရည်းစားရှိသူ နှစ်ယောက်မှာ မလုံတဲ့အိုးထပွင့်ကုန်ကြသည်။
"ငါတို့ကောင်မလေးတွေလည်းလှပါတယ်ကွာ
မင်းဘာမင်းစောက်ပိုလုပ်ပြီး မထားတာများ ""စောက်ပိုလုပ်တာမဟုတ်ဘူးကွ ငါ့ taste နဲ့ ကိုက်တဲ့
မိန်းမ မတွေ့သေးတာ "ထိုစဉ် အောင်သန်းနိုင်က ဘေးကနေ အန်ချတဲ့ပုံစံလုပ်ပြသည်။
"မင်း taste ကလည်း တစ်သက်လုံးတွေ့မှာမဟုတ်ဘူးလေ ဘယ့်နှယ့် သေးသေးမှ အတင်မခံတာ "
"အေး သေးသေးအတင်ခံမယ့် မိန်းမမျိုးတွေ့ရင် လက်တို့ဦး "
"မင်းအဲ့လိုနိုင်စားချင်ရင် မိန်းမမယူနဲ့ ယောကျာ်းယူ
မိန်းမယူရင်တော့ကိုယ်က အလျော့ပေးရမှာပဲ ""မင်းဝါသနာပါတတ်ရင် မင်းယူလေ။
ဘေးခန်းက ဗိုလ်သူရိန်ဆိုရင်ရော"