Final Part

8.4K 328 19
                                    

Unicode

ဘွဲ့နှင်းသဘင် ခန်းမဆောင်၏ အရှေ့တွင်ရှိသော စြင်္ကန်လမ်းမပေါ်တွင် အရောင်အသွေး အစုံအလင်ဖြင့် ကိုယ်စီ ကြည့်ကောင်းနေကြသည်။

ခန်းမထဲသို့ဝင်ရန် ဘွဲ့ရကျောင်းသား တစ်ယောက်အပြင် မိဘနှစ်ယောက်စာ၏ လက်မှတ်ကိုပဲ ပေးထားသည့်အတွက် စိုးသဲညှာမှာ လက်မှတ် တစ်စောင် ထပ်ဝယ်ရသေးသည်။

Rehearsal နေ့က သွားမယူပဲ ဘွဲ့ကြီးနေ့မှ လာယူသည့် ဝန်းပိုင်လင်းမောင်အား သဲညှာ တစ်ချက်ကြည့်လိုက်သည်။

မန္တလေးအိမ်ကို တစ်ရက်ကြိုရောက်နေခဲ့ခြင်းဖြစ်ပြီး အိမ်မှ ထွက်လာကတည်းက သူ့လက်အား မလွှတ်ပဲ ကိုင်ထားရင်း ပြုံးနေသေးသည်။ဒါကြောင့် မနေနိုင်ပဲ ထုတ်မေးလိုက်တော့သည်။

"စိတ်ခုန်လို့လား ဘွဲ့ယူရမှာ။မင်းက rehearsal မှ သွားမယူပဲ "

"စိတ်ခုန်စရာလား။ဘွဲ့ရတာများ မင်းကိုရတာလောက်တောင် ရန်မခုန်ပါဘူး။ "

မျက်လုံးတစ်ဖက်မှိတ်ပြလာသေးသောကြောင့် ဝန်းပိုင်လင်းမောင်၏ ရင်ဘက်တည့်တည့်အား လက်သီးဖြင့် တစ်ချက် ဖွထိုးလိုက်တော့သည်။

"အကောင်းမေးနေတာ။"

"အကောင်းဖြေနေတာပဲလေ ...ဟော!
နောက်တာပါ။ ဆေးကျောင်းကိုလွှတ်ပြီးတောင် တက်ခဲ့တဲ့ ကျောင်းပဲလေ။ ဘွဲ့ယူရတော့မယ်ဆိုတော့ စိတ်တော့လှုပ်ရှားတာပေါ့။ "

"ဘယ်လိုယူရလည်း သိလို့လား။စင်ပေါ်ရောက်မှ မှားကုန်ရင် ရှက်စရာကြီး။ အဲတာကြောင့် မင်းကိုပြောတာလေ အစမ်းသွားယူပါဆို။ "

သဲညှာ၏ စကားအား ပိုင်လေးက သဘောကျဟန်ဖြင့် ပြုံးလိုက်သည်။

"ရှေ့က ယူတဲ့သူတွေကို ကြည့်လိုက်ယုံပဲလေ သဲညှာရဲ့။
အဲဒီလောက်လည်း မခက်ပါဘူး။"

"ပြီးတာပဲ ဒါဆိုလည်း။"

ထိုစဉ် ပုခုံးပေါ်တင်လာသော လက်တစ်ဖက်ကြောင့်
အနာက်သို့ လည်ပြန်ကာ ပိုင်လေး လှည့်ကြည့်လိုက်မိသည်။

"ဟာ...လန်းလှချည်လား မင်းက။"

ရှမ်းရိုးရာ ဝတ်စုံဖြင့် ဘွဲ့နှင်းသဘင်တက်လာသော ဗိုလ်သူရိန်ကိုကြည့်ပြီး နည်းနည်းတောင် ရယ်ချင်သွားသည်။သဲညှာကလည်း ဒီကောင်က ရှမ်းလားဆိုသည့် ပုံစံဖြင့် ကြည့်နေသည်။

ကျွန်တော်နှင့်သဲညှာ Where stories live. Discover now