Unicode
ကိုယ်စီ ခံစားချက်တွေအား ထုတ်ဖော်ပြောလိုက်တော့မှ နှစ်ယောက်ကြား ပိုရင်းနှီးလာပြီး လွတ်လပ်သလို ခံစားလာရသည်။နှစ်ဦးသားမှာ ယူပြီးသားဖြစ်သောကြောင့် နှစ်နှစ်ကာကာ ချစ်လာမှ တစ်ဆင့်တက်ချင်သဖြင့် အဲဒီနေ့တုံးက ပါးလေး တစ်ခါ နမ်းပြီး ညအိပ်ရာဝင်ချိန်တွေမှာ ဟိုလိုလိုဒီလိုလိုဖြင့် ခါးလေးဖက်တာကလွဲလို့ အခြားမရှိ။
"စိုးသဲညှာ ....ထမင်းစားမယ်လေ "
"အေး လာပါမယ်။ ထမင်းမစားဘူးသလိုကို ခေါ်နေတော့တာပဲ "
တပ်ထားသောမျက်မှန် ခဲရောင်လေးအား တစ်ချက်ပင့်တင်ရင်း အခန်းထဲမှ စိုးသဲညှာ ထွက်လာတော့သည်။မေခေး၏ ကောင်းမူကြောင့် အစိမ်းရင့်ရောင် ရိုးရာ အင်္ကျ ီလေးကို ဂျင်းဘောင်းဘီ အနက်ရောင်ဖြင့် တွဲဝတ်ထားသေးသည်။ ပိုင်လေး ဝတ်နေကျ ရင်ဖုံးပုံစံမဟုတ်ပဲ ရင်ကွဲဒီဇိုင်းလေးတွေကိုသာ စိုးသဲညှာတွက် မေခေးကမှာပေးထားသည်။
ဝန်းပိုင်လင်းမောင် တစ်ကိုယ်လုံးကို သိမ်းကျုံးကြည်လိုက်ပြီးမှ မျက်နှာတစ်ချက်ပျက်ကာ ပြောလိုက်သည်။
"ဘာတွေအဲဒီလောက်ထိ ပြင်နေမှန်းမသိဘူး။ မနက် မနက်ဆို တော်တော်နဲ့ ထွက်မလာဘူး "
စိုးသဲညှာ ထမင်းဝိုင်းမှာ ဝင်ထိုင်လိုက်ရင်း....
"မင်းကျလည်းမပြင်လို့လား။မနက်အစောကြီးထပြီး ဒီခေါင်းမွှေးကြီးကို တသသလုပ်နေတာ ငါမမြင်ဘူး မှတ်လို့လား "
ပြောရင်းဆိုရင်း သဲညှာက ပိုင်လေး ဆံပင်ကို လှမ်းထိလိုက်သဖြင့် ဝန်းပိုင်လင်းမောင် ရှောင်လိုက်မိသည်။
"လက်ကြီးက ယောကျာ်းလေးခေါင်းကို အဲလို ထိချင်တိုင်း ထိရလား "
"အောင်မာ....ငါကလည်း ယောကျာ်းပဲလေ။ငါကိုင်တာ ဘာဖြစ်လို့လဲ "
"ခေါင်းဆိုတာ အထွဠ်အမြတ်ထားတဲ့နေရာလေ။ပြီးတော့ ထမင်းစားတဲ့လက်ကြီးနဲ့...."
"အေး...မင်းခေါင်းကို ဖြုတ်ပြီး ဟင်းချိုကို ကျိုသောက်ပစ်အုံးမယ် ကြည့်နေ ..."