Unicode
ရေချိုးခန်းထဲ ဝင်သွားသည့် စိုးသဲညှာကို မမြင်လိုက်ပဲ
ဦးသူရထိုက်က မနားပဲ ဆက်ပြောနေတော့သည်။"အင်း...လုပ်ငန်းစတာနဲ့ ပိုက်ဆံလိုရင် ဦးတို့ကိုလည်းပြောပါ။နှစ်ယောက်လုံးက ကျောင်းတက်နေချိန် အိမ်ထောင်ပြုလိုက်ရလို့ စီးပွားရေးတွက် များများစားစားမရှိတာကို ဦးတို့ နားလည်တယ်။ဒါပေမယ့် ပြန်ဆပ်ရမယ်။ ပြန်ဆပ်မှ လုပ်ငန်းပေါ် စိတ်ပါမှာ။ပိုက်ဆံ ဘယ်လိုရှာရတာလဲ သိမှာ။မောင်ရင့် စီးပွားရေးကလည်း အိမ်ကကောင် စီးပွားရေးပဲ။ကြားလား စိုးသဲ..."
လှည့်ကြည့်လိုက်မှ စိုးသဲညှာက ဒီနားမှာ မရှိတော့မှန်း သိလိုက်သည့် ယောက္ခထီး ဖြစ်သူကို ဝန်းပိုင်လင်းမောင် ကပဲ ပြောပြလိုက်သည်။
"သူခုဏကတည်းက ဝင်သွားတာ ဦး"
"ဟင်း...ပုံစံကတော့ မောင်ရင်မြင်တဲ့တိုင်းပဲ။ကဲ...လုပ်ငန်းစရင် ဦးကိုပြော။မောင်ရင့် အမေတို့အိမ်ကို ဒီနေ့ပြောင်းမှာမလား။အဲ့တာ လုပ်လိုက်ကြဦး"
ဝန်းပိုင်လင်းမောင်၏ ပုခုံးကို အသာပုတ်လိုက်ပြီး အခန်းထဲကထွက်သွားတော့သည်။သူ့ဖေထွက်သွားမှ မျက်နှာရေစက်လက်ဖြင့် အခန်းထဲက ထွက်လာသော ငစွာကောင်ကို ပိုင်လေးလှမ်းခေါ်လိုက်သည်။
"မင်းအဝတ်အစားတွေထည့် စိုးသဲညှာ။ခဏနေ ငါ့အိမ် သွားမယ်"
"မထည့်ဘူး။ငါညအိပ်တဲ့ချိန်ပဲ မင်းအိမ်မှာ နေမှာ။ဒီမှာပဲ အဝတ်အစားလဲပြီး ဒီမှာစားမှာ "
"ရမလား အဲလို။မင်းနဲ့ငါ အိမ်ထောင်ပြုထားတာ။လူကြီးတွေက သင့်တော်မယ်ထင်လို့ မင်းကို ငါ့အိမ်ကိုထည့်လိုက်တာ။မင်းက ဒီမှာ စားမယ်ဆိုတော့ ငါက ဘယ်လိုဖြစ်သွားမလဲ။မင်းကို ညပဲ ခေါ်အိပ်တယ်ထင်နေမှာပေါ့ "
"ဘာကွ ။မင်းစကားကို ဘယ်လိုတွေပြောနေတာလဲ ဝန်းပိုင်လင်းမောင် "
"အေး အဲလိုထင်ခံချင်ရင်တော့ လုပ်လေ။မင်းသဘောပဲ "
စိုးသဲညှာတစ်ချက်စဉ်းစားပြီးမှ အတွေးပေါက်သွားသည်။သူအဲလို လုပ်လိုက်ရင် နဂိုကတည်းက ယောကျာ်းချင်းမို့ ပြောချင်သည့်လူတွေတွက် ပိုပြောစရာဖြစ်သွားမည်။ဝန်းပိုင်လင်းမောင် ပြောတာက သဘာဝကျပေမယ့် အဲ့ကောင် ပြောတာမို့ကို လက်မခံချင်သည့် စိတ်ကလည်းရှိသေးသည်။