Part 12

4.4K 269 5
                                    

Unicode

ဆိုင်ကယ်က သုံးယောက်စီးနေရသည့်အပြင် ညလည်းနက်နေသဖြင့် အကွေ့တွေမှာ နှစ်ခါလောက် ရမ်းသွားသော်လည်း သဲညှာကတော့ ပိုင်လေးကိုလုံးဝ မကိုင်ပဲ ဆိုင်ကယ်နောက်မှီးကိုသာ နောက်ပြန်ကိုင်ထားသည်။

"ကလေး ...သူငယ်ချင်းကို ဖက်ထားလိုက်လေ
ဟိုနားက အကွေ့ကျ နောက်ပြန်ကြီးကိုင်ထားတော့ ပြုတ်ကျနေလိမ့်မယ် "

"ထားလိုက်အဖေ သူကလက်မြဲတယ်
အဲဒီတိုင်းပဲ ကိုင်ထားလိမ့်မယ်"

"ဟုတ်ဦးလေး ဝန်းပိုင်လင်းမောင်ကို ကိုင်ထားလိုက်ပါ့မယ် "

ိုစိုးသဲညှာကလည်း ဒါမျိုးလာပြောရင် ငြိမ်မခံတတ်တဲ့သူမို့ မခေါ်သဖူး နာမည်တွေကောက်ခေါ်ပြီး ဝန်းပိုင်လင်းမောင် ခါးပေါ်သို့ ချက်ချင်းလက်ရောက်လာသည်။

ခါးကို ဒီတိုင်းကိုင်ထားတာမဟုတ်ပဲ ခါးနှစ်ဖက်လုံးပေါ်ကို လက်ချောင်းတွေနဲ့ ညှစ်ပြီး နာအောင် ဖိကိုင်ထားလိုက်သည်။ဒါကိုသိတဲ့ပိုင်လေးကလည်း သဲညှာ လက်တစ်ဖက်ကို အသာလေးဆွဲ ယူပြီး အားသုံးကာ လက်ချောင်းတွေကို လှန်ချိုးပစ်လိုက်သည်။ဒီတော့မှ ရန်စ ငဖြိုးကောင်က လက်နှစ်ဖက်လုံးကို ခါးပေါ်ကခွာသွားတော့သည်။

"ဦး...အဲ့တာ ကျွန်တော့်အဖေဆိုင်ကယ်ပဲ "

ထို့နောက် အားသက်တစ်ရော အော်ခေါ်လိုက်တော့သည်။

"အဖေ့ ..."

"ဟင်....စိုးသဲညှာလား
မင်းဘယ်သူနဲ့လိုက်လာတာလဲ "

ဆိုင်ကယ်မီးက  မျက်လုံးတည့်တည့် လာထိုးနေသောကြောင့် မျက်နှာကို ကြည့်မရပဲ အသံသာကြားသည်။
ဦးကျော်ထွန်းနိုင်က ဆိုင်ကယ်ရပ်ပေးလိုက်မှ စိုးသဲညှာ ဆင်းသွားပြီး..

"အဖေ ခုဏက ဖုန်းစက်ကတည်းက တွန်းနေရတာလား "

"အေး ဆီဆိုင်မတွေ့သေးလို့ ဒါနဲ့ ဘယ်သူတွေ လိုက်ပို့တာလဲ"

"ဟို ...သူငယ်ချင်းနဲ့ သူ့အဖေလိုက်ပို့တာ"

သူငယ်ချင်းလို့ပြောပြီး ဖြစ်သွားတဲ့ စိုးသဲညှာ၏ မအီမလည် မျက်နှာကိုကြည့်ပြီး  ပိုင်လေးရယ်ချင်သွားပေမယ့် အတတ်နိုင်ဆုံး တည်ထားလိုက်သည်။

ကျွန်တော်နှင့်သဲညှာ Where stories live. Discover now