Part 37

5K 315 14
                                    

Unicode

"သဲညှာ...."

အခန်းတံခါးမခေါက်ပဲ ဝင်လာသော ဒေါ်မိုးမြင့်မြတ်ကို မြင်မှ တစ်စုံတစ်ခုအား စဉ်းစားနေသော သဲညှာ၏ အတွေးကလေးမှာ ရပ်သွားတော့သည်။

"ဗျာ...မေ "

"ဘာလုပ်နေတာလဲ ..."

လူတစ်ယောက်လုံး ဝင်လာသည်ကို အသံမကြားပဲ ဖုန်းထဲက စာကိုပဲ အာရုံစိုက်နေပုံရသော စိုးသဲညှာတစ်ယောက် သူမ၏ ခေါ်သံကြားမှ  ဖုန်းပိတ်လိုက်ကာ မျက်နှာလှည့်လာသောကြောင့်  ဘေးမှာပဲ  အသာ ဝင်ထိုင်လိုက်သည်။

"ဖုန်းကြည့်နေတာ မေ ...ဘာဖြစ်လို့လဲ "

"ဘာဖြစ်လို့လဲ မနေနဲ့။သားအိမ်သား အောက်မှာ ရောက်နေတာ ကြာပြီကို ဆင်းတွေ့ပါဦးလား "

"မတွေ့ချင်ပါဘူး ပြန်ခိုင်းလိုက် အဲဒီကောင်ကို "

"ဟဲ့ ပြန်ခိုင်းလို့ရမလား။သဲညှာနော်...  ဆယ်ကျော်သက်လေးလည်း မဟုတ်တော့ပဲ အကျိုးကြောင်း ဆီလျော်ပါဦးလား"

စိုးသဲညှာလည်း  ဘာမှမပြောတော့ပဲ နှုတ်ခမ်းတစ်ချက်သာ မဲ့ပြလိုက်သည်။ခုဏက ဖုန်းကြည့်နေတာလည်း ဝန်းပိုင်လင်းမောင်က message ပို့လိုက်သဖြင့် ဖတ်နေတာဖြစ်သည်။

ဒေါ်မိုးမြင့်မြတ်က သူမ၏ အေးချမ်းသည့် မူပိုင်အပြုံးလေးဖြင့်ပဲ ဆက်ပြောလာသည်။

"တစ်နှစ်နီးပါးနေလာကြတဲ့ သားတို့က တစ်ယောက်အကြောင်း တစ်ယောက်ကို မေတို့သိတာထက် ပိုသိမှာပါ။သားအိမ်သားကို သားလည်း မေတ္တာရှိတယ်မလား "

စိုးသဲညှာ တစ်ဖက်သို့ မျက်နှာလွှဲလိုက်ပြီးမှ စိတ်ထဲမပါဟန်ဖြင့်..

"မရှိဘူးမေ ...သူလည်း ကျွန်တော့်ကို မရှိဘူး"

"မေ့ကို မလိမ်နဲ့။သားအရင်က ဘယ်သူနဲ့မှ ဒီလိုမျိုး စိတ်ခံစားလွယ်တာမှ မဟုတ်တာ။ဒီကလေးနဲ့ကျမှ မလား "

"ကျွန်တော်က သူ့ကို ကြိုက်ခဲ့ဘူးတောင် မေ့ပစ်မှာ
သူအဲဒီနေ့က ဘာတွေပြောလည်း မေ မသိလို့ "

"မေသိပါတယ် သားရယ် သူလည်းပြောပြပါတယ်...."

"ဒါနဲ့များ မေက အဲဒီကောင်ဖက်က ပါနေသေးတယ်။
ကျွန်တော် ဒီကောင့်ကို ခေါင်းကွဲအောင် ရိုက်ချင်တယ်ဆိုရင်တောင် မေက ကူရိုက်ပေးရမှာ မဟုတ်ဘူးလား "

ကျွန်တော်နှင့်သဲညှာ Where stories live. Discover now