Part 18

4.7K 287 10
                                    

Unicode

နှစ်ယောက်လုံး စာမေးပွဲပြီးသည့် နောက်နှစ်ရက်လောက်မှာပဲ အဆောင်တွင်  ကိုယ်စီ ပစ္စည်းသိမ်းပြီး ပြင်ဦးလွင်ပြန်တက်ကြရသည်။

လက်ထပ်ပွဲမှာ  အကျဉ်းချုံ့ပဲဆိုသော်လည်း ဝန်းပိုင်လင်းမောင်က သူတို့ အသိုင်းအဝိုင်းအပြင် ကျောင်းက လူရင်းတွေလောက်ပဲ အသိပေးထားကာ သူယူမှာ ယောကျာ်းလေး ဖြစ်သည့်အကြောင်းသာ ပြောပြထားသည်။ကျောင်းက သူငယ်ချင်းတွေကတော့ လူငယ်တွေဖြစ်သည့်အပြင်  LGBT နှင့် မစိမ်းကြသဖြင့် အံ့သြယုံအပြင် မဝေဖန်ကြလို့တော်သေးသည်။

စိုးသဲညှာကတော့ ကျောင်းမှာ အသိမရှိသဖြင့် ကျောင်းက ဘယ်သူ့ကိုမှ အသိပေးစရာမလိုပဲ အဆောင်ကလူတွေလောက်သာသိသည်။ပြသနာဖြစ်ပြီးခါစရက်တွေက ကွက်ကြည့် ကြည့်တတ်ကြပေမယ့် အခုတော့ အကုန်လုံးက ပုံမှန်အတိုင်း ဖြစ်သွားကြသည်။သူတု့ိ ယူလိုက် တာကြောင့်လည်း ဘယ်သူမှ ဘာမှ ဆက်မပြောကြတော့တာ ဖြစ်နိုင်သည်။

ဝါကျွတ်သည်နှင့် လက်ထပ်မည့် ရက်က နီးလာသဖြင့် ဒီရက်ပိုင်းတွေထဲ နှစ်ယောက်လုံး မတွေ့ချင်တောင် အမြဲ တွေ့နေရသည်။

နှစ်ယောက်လုံး၏ ဆန္ဒအရ လက်ထပ်ပွဲကို အိမ်မှာ ဆွမ်းကျွေးလောက်ပဲလုပ်ရန်စီစဉ်ထားပြီး နှစ်ဖက် အသိုင်းအဝိုင်းနှင့် သိကျွမ်းသူ အနည်းစုလောက်သာ ဖိတ်ထားသည်။နှစ်ကိုယ်တူ ချစ်ကြတာမဟုတ်သည့်အပြင် ယောကျာ်းလေးချင်းမို့ ကျဉ်းနိုင်သမျှ အကျဉ်းချုံ့ပဲ လုပ်ချင်ကြသည်။

"မေခေး ကျွန်တော့်ကို စိတ်ဆိုးနေသေးလား "

ကိစ္စတွေဖြစ်ပြီးကတည်းက  မေခေးနှင့် စကားကောင်းကောင်းမပြောရသေးသောကြာင့် ဟင်းချက်နေသော အမေဖြစ်သူကို ပိုင်လေးက စကားစပြော လိုက်သည်။

ဒေါ်နန်းခေးဝါ ယဲ့ယဲ့လေး ပြုံးလိုက်ပြီး...

"အစကတော့ ဆိုးတာပေါ့။ခဏကြာတော့လည်း မေ
နားလည်လာပါတယ် "

"ဒါဆို ကျွန်တော်တို့ ခိုးပြေးတယ်လို့ မေခေး ထင်တုံးလား "

"ပိုင်လေးရယ်... ယူဖို့ပဲ နှစ်ရက်လောက်လိုတော့တာကို ဒါတွေ မေးနေရသေးလား။မေတို့တွက်တော့ မေ့သားက ယောကျာ်းကိုပဲကြိုက်ကြိုက် ၊မိန်းမကိုပဲ ကြိုက်ကြိုက် မေ့သားခံစားချက်ကို လိုက်ထိန်းချုပ်စရာ အခွင့်အရေး မရှိဘူး။ မေ့မှာလည်း မရှိဘူး အခြားဘယ်သူ့မှာမှ မရှိဘူး။ နားလည်လား..ဟင် "

ကျွန်တော်နှင့်သဲညှာ Where stories live. Discover now