Unicode
"ဒီမှာခဏနားမယ်နော်။ အောက်ကဆိုင်မှာ မုန့်စားချင်စားလို့ရတယ်။ အပေါ့လည်းသွားလို့ရတယ် "မန္တလေး ကနေ တော်တော်လေး ကျော်ခဲ့ပြီ ဖြစ်၍ ဆိုင်တစ်ဆိုင်တွင် ခရီးတစ်ခေါက် နားလိုက်ကြသည်။အချိန်ကစောသေးသဖြင့် ဆိုင်ထဲတွင် ခရီးသွား စားသုံးသူ အနည်းစုနှင့် သူတို့သာရှိသည်။
မြို့နဲ့ မနီးမဝေး ရွာလေးမှ ဆိုင်ဖြစ်၍ သိပ်မဖွံ့ဖြိုးသော်လည် ရှမ်းခေါက်ဆွဲ ၊လက်ဖက်ရည်မှအစ ကြက်ဥပလာတာထိရသည်။
သဲညှာတို့သူငယ်ချင်းသုံးယောက်က တစ်ဝိုင်းထိုင်လိုက်ကြပြီး ဝန်းပိုင်လင်းမောင်ကတော့ ဟိုဖက်ကားမှ ဆင်းလာကြသည့် တန်ခူးခင်တို့နှင့် ထိုင်လိုက်သည်။
ူ"ငါအိမ်သာ အရင်သွားချင်တယ် "
"ချမ်းကြီးနဲ့သွားလေ ငါဒီမှာ အရင်မှာထားလိုက်မယ်
ဘာစားမလဲ မင်းတို့ "စိုးသဲညှာ စားချင်တာ မှားထားခဲ့လိုက်ပြီး အိမ်သာထသွားလိုက်သည်။ခဏလည်းကြာရော ပြန်ထွက်လာကြပြီး နှစ်ယောက်သား တတွတ်တွတ် နဲ့ပြောလာကြသည်။
"စိုးကြီးရာ ငါလည်းဝင်တာပဲ အဲ့လောက်လည်းမဟုတ်ပါဘူး။တိုးတိုးပြောပါကွာ ဆိုင်ရှင်တွေအားနာစရာ"
နှစ်ယောက်သား အသွားတုံးကရယ်ရယ်မောမောနဲ့သွားလိုက်ပြီး ပြန်ထွက်လာမှ တစ်ယောက်တစ်ခွန်းစကားများလာကြသဖြင့် အားလုံးက သူတို့ကို အာရုံစိုက်မိကြသည်။
စားပွဲဝိုင်းတွေက ကပ်နေကြသည့်အပြင် စိုးသဲညှာတို့ စပြောလာကတည်းက ပိုင်လေးတို့ဝိုင်းက နားမထောင်တောင် ကြားနေရသည်။
"ဘာအားနာစရာရှိလု့ိလဲ ဟုတ်တာပြောတာပဲလေ ကျန်တာထားပါအုံး။အိမ်သာလေးဘာလေးတော့ဆေးမှပေါ့ကွ ဘယ့်နှယ့် ဝင်သွားယုံရှိသေး အနံ့တွေက အီးတွေ စားနေရတဲ့ အတိုင်းပဲ။ မင်းရောမသိလို့လား "
ထိုမှသာ အိမ်သာအကြောင်းပြောနေမှန်း သိလိုက်ကြ၍ ထအန်တဲ့သူကအန်ပြီး ဆက်မစားတဲ့သူက မစားနဲ့ ဖြစ်ကုန်ကြသည်။ဝန်းပိုင်လင်းမောင်ကတော့ အလိုက်ကန်းဆိုး မသိလိုက်တဲ့ကောင်ဆိုပြီး မူန်တေတေသာ စိုက်ကြည့်ပေးလိုက်သည်။