Chapter 16
ယွမ်ရှင်းကျဲသည် ကျိုးဖေးရွယ်၏ သတိပေးမှုအတွက် လွန်စွာကျေးဇူးတင်မိလေသည်၊ ကျိုးဖေးရွယ်သည် ပြိုင်ပွဲ၀င်ခွင့်နှင့်မရင်းနှီးပါကလည်း "မက်ခါစတား"ဟူသောပုံရိပ်ယောင်ဂိမ်းကိုဆော့ကြည့်ရန်ပြောလေသည်။ ထိုဂိမ်းမှာမက်ခါစိတ်၀င်စားသူများအတွက်ထုတ်ထားခြင်းဖြစ်သည်။
"ဂိမ်းကစိတ်စွမ်းအား ကိုယ်ခံအားအဆင့်တွေမလိုဘူးဆိုပေမယ့်၊ သူ့ရဲ့မစ်ရှင်ပုံစံကလည်း ပြိုင်ပွဲ၀င်ခွင့်နဲ့အတူတူပဲ မင်းများများလေ့ကျင့်သင့်တယ်"
ကျိုးဖေးရွယ်ကဆိုသည် ။ ယွမ်ရှင်းကျဲအတွက် သုံးရက်အတွင်း ကိုယ်ခံအားတရှိန်ထိုးတိုးတက်လာဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ယွမ်ရှင်းကျဲအာရုံစိုက်သင့်သည်မှာ ပြိုင်ပွဲစည်းကမ်းများနှင့် ရင်းနှီးအောင် အကျိုးရှိရှိအသုံးချရန်ပင်။
အဆောင်သို့ပြန်ရောက်လျှင် သူဦးစွာကြံစည်ထားသည်မှာ မက်ခါစတားဂိမ်းကိုဒေါင်းလုတ်ဆွဲရန်ပင်။သို့သော်မှတ်ဥာဏ်တုကိုဖွင့်လိုက်စဥ်တွင်သူဤဂိမ်းအား ဒေါင်းလုတ်ဆွဲပြီးသားဖြစ်ကြောင်းတွေ့လိုက်ရတော့သည်။ မူလပိုင်ရှင်သည် စျေးကြီးပုံရသော အသစ်စက်စက် ဂိမ်းစက်ကိရိယာလေးကိုလည်းချန်ထားခဲ့သည်။
ပုံရိပ်ယောင်မျက်နှာပြင်သို့၀င်လျက် မက်ခါစတားဂိမ်းကိုဖွင့်လိုက်သည်နှင့် မူလပိုင်ရှင်၏ အကောင့်နာမည်အားတွေ့လိုက်ရတော့သည်။ ၄င်းမှာ
[ချီယုရဲ့ကြယ်လေး]ဟုပင်။ယွမ်ရှင်းကျဲ ခေါင်းကိုခါလိုက်ပြီး သူ၏ညနေစာတွေပင်အန်ထွက်တော့မလိုခံစားလိုက်ရကာ အကောင့်အားဖျက်ပစ်ရန်ကြိုးစားလိုက်သည်။
မူလပိုင်ရှင်၏အကောင့်အား ဤသို့ပြီးစလွယ်ဖျက်ပစ်ခြင်းမှာ သိပ်မသင့်တော်ဟုတွေးမိပြီးနောက် သူသည်သက်ပြင်းချလျက် အကောင့်အမည်ကိုဖုံးကွယ်ထားရန်သာရွေးချယ်လိုက်သည်။ ထို့နောက်တွင်
[ငါကအရမ်းအားနည်းပါတယ်]ဟူသောအကောင့် အသစ်ဖွင့်လျက် ပြန်၀င်လိုက်လေသည်။

YOU ARE READING
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasyDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...