140

9.1K 917 35
                                    

Chapter 140

ချန်းယွမ်က ချင်ရွှမ်းကိုကြည့်ပြီး တစ်ချက်ပြုံးပြကာ ပြောလိုက်သည်။

" တကယ်လို့ သူ့ဂလင်းတွေကိုသာ မဖြတ်ပစ်ခဲ့ဘူးဆိုရင် သူက ဒီနေ့ပဲ 'တရားဝင်' ဖြစ်ပြီ..."

ထို့နောက်တွင် သိပ္ပံသုတေသနဌာနမှလူများက ယွမ်မိသားစုကို လျစ်လျူရှု့ပြီး ဆေးရုံမှ ထွက်သွားကြသည်။

ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်း၏ နားထဲတွင်မူ ထိုစကားများက လှောင်ပြောင်ထေ့ငေါ့သော စကားများထက် မပိုခဲ့ပေ။

ထိုအချိန်တွင် ချင်ရွှမ်းက သူမကိုယ်တိုင် ယွမ်ရှင်းကျဲကို ပြောခဲ့သည့်စကားများကို သတိရသွားသည်။

" မင်း ချီယုထက်ပိုပြီး ကိုက်ညီမှုဒီဂရီမြင့်တဲ့သူကိုရှာရင်ရှာ မဟုတ်ရင် မက်ခါသုတေသနဌာနထဲဝင် ... အဲ့နှစ်ခုလုံး မလုပ်နိုင်ခဲ့ရင်တော့ ချီယုနဲ့ စေ့စပ်ရမယ်..."

အချိန်တိုအတွင်းမှာပင် ယွမ်ရှင်းကျဲက ကိစ္စနှစ်ခုလုံးကို လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော်လည်း ယွမ်မိသားစု၏ ဖိအားပေးခံရ၍ ဂလင်းများကို ဖြတ်ပစ်ပြီး သတိမေ့မျောနေရသည်။

သူ့ထံတွင် တောက်ပသည့် အနာငတ်ရှိနေသော်လည်း ဤနည်းကိုရွေးချယ်ကာ ခုခံခဲ့သည်။

ရှင်းဟိုင်တက္ကသိုလ်အဖွဲ့၏ အာရုံစိုက်မှုနှင့် အင်ပါယာမက်ခါသုတေသနဌာနမှ ဌာနမှူးကိုယ်တိုင် ယွမ်ရှင်းကျဲထံသို့ ရောက်ရှိလာမှုများက အိုမီဂါများ၏တန်ဖိုးမှာ လက်ထပ်ခြင်းနှင့် မသက်ဆိုင်သည်ကို ‌သက်သေပြနေသကဲ့သို့ပင်။ အနည်းဆုံး ယွမ်ရှင်းကျဲတစ်ယောက်၏ တန်ဖိုးကမူ လုံးဝနိမ့်ပါးမနေပေ။

ချင်ရွှမ်း၏မျက်ဝန်းထဲတွင် လိပ်ပြာမလုံမှု နောင်တရမှုတို့ ဖြစ်တည်လာသည်။ ယွမ်ရှင်းကျဲ၏စွမ်းရည်ကို စောစီးစွာ မသိခဲ့ရသည့်အတွက် နောင်တရနေခဲ့ပြီး ဤအမှန်တရားကို မည်သည့်အခါမှ သဘောမပေါက်နိုင်ခဲ့သည့်အတွက် ယူကျုံးမရဖြစ်နေခဲ့သည်။ ချင်ရွှမ်း၏ ‌ဝမ်းနည်းနေသည့်အမူအရာကြောင့် ယွမ်ချန်ရှန့်က နှစ်သိမ့်ပေးလိုက်သည်။

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Donde viven las historias. Descúbrelo ahora