Chapter 154.
ချီယင်တစ်ကိုယ်လုံး တောင့်တင်းသွားကာ လော့ဝမ်ချွမ်းကို မယုံနိုင်စွာ လှမ်းကြည့်လိုက်ပြီး " ဒုတိယ ဒုတိယအရှင် မင်း မင်းဘာလုပ်တာလဲ…"
သူ၏စကားမဆုံးခင်မှာပင် လော့ဝမ်ချွမ်း၏နှုတ်ခမ်းထောင့်များမှာ ကော့တက်သွားကာ အေးစက်၍ ရက်စက်သော အပြုံးကို ထုတ်ဖော်လာခဲ့သည်။
သူ၏လက်ချောင်းများကို အနည်းငယ်လှုပ်ရှားလိုက်ရာ အလင်းဓားသည် ချီယင်၏လည်ပင်းအား ခြစ်မိသွားခဲ့သည်။
၎င်းမှာ မပြင်းထန်သော်လည်း ချီယုအားပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သော်ကြောင့် အော်ဟစ်လာခဲ့သည် " အားး ဒုတိယအရှင် … မင်း … မင်းတကယ်ပဲ…"
ယွီဝမ်သည်လည်း ထိတ်လန့်တုန်လှုပ်မှုကြောင့် အော်ဟစ်မိလိုက်သည်။
သွေးထွက်နေသာ ဒဏ်ရာအား ဖုံးအုပ်လိုက်ပြီး ချီယင်နီရဲနေသော မျက်လုံးများဖြင့် ဘုရင်အားကြည့်ကာ အက်ရှနေသော အသံနှင့်ပြောလာခဲ့သည် " အရှင်မင်းမြတ် အရှင်မင်းမြတ် ကျွန်တော်မျိုးကို ကယ်ပါဦး…အတိတ်တုန်းက ကျွန်တော်မျိုး အင်ပါယာအတွက် အများကြီးပေးဆပ်ခဲ့တာပါ…"
" အထင်မမှားပါနဲ့ ခင်ဗျားကိုမသတ်သေးပါဘူး…" လော့ဝမ်ချွမ်း သနားညှာတာပေးရန် တောင်းပန်နေခဲ့သော ချီယင်အား ငုံ့ကြည့်လိုက်ပြီး သူ၏စကားလုံးများမှာ တည်ငြိမ်နေခဲ့သည် " ဒါကမင်းအတွက်အမာရွတ်သေးသေးလေးပဲဖြစ်စေမှာပါ.. ဂလင်းကိုဖြတ်လိုက်ဖို့က ဒီထက်အကြိမ်ရာထောင်ချီမကပိုပြီးနာကျင်တယ်ဆိုတာမင်းသိရဲ့လား…"
ချီယင်တုန်တုန်ယင်ယင်နှင့် တောင်းပန်လိုက်သည် " ဒုတိယအရှင် ကျွန်တော်မျိုးမှားသွားပါတယ်… ယွမ်ရှင်းကျဲကို မလိမ်ခဲ့သင့်ပါဘူး.. သူ့ကိုစေ့စပ်ဖို့အတင်းဖိအားမပေးခဲ့သင့်ပါဘူး.. ဒါပေမယ့် ဒီပြစ်မှုတွေကတော့ တကယ်ကိုမလုပ်ခဲ့တာပါ…"
" တကယ်လား…" လော့ဝမ်ချွမ်း အသံဖြင့် ပြန်မေးလာကာ ချက်ချင်းဆိုသလို ဘေးတွင်ရှိနေသော ရဲဝန်ထမ်းအား ကြည့်လိုက်ပြီး " ဒီကိုလာခဲ့ သူနဲ့ယွီဝမ်ကို စစ်ဆေးတဲ့အခန်းထဲခေါ်သွားပြီးတော့ ဝန်ခံလာတဲ့အထိ နှိပ်စက်လိုက်…"

ESTÁS LEYENDO
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasíaDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...