Chapter 167သူအနည်းငယ် မိန်းမောသွားစဥ်မှာပင် လော့ဝမ်ချွမ်းက သူဆီသို့ ရုတ်တရက် ကိုင်းညွှတ်လာပြီး ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ကာ အပြုံးတစ်ခု နှင့်အတူ ယွမ်ရှင်းကျဲ၏နှုတ်ခမ်းများထက်၌ အနမ်းတစ်ပွင့် ခြွေချလိုက်လေသည်။
ဤမြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်မှုက အမိအရ ရိုက်ကူးထား၏။
ပရိသတ်များအနေဖြင့် သူတို့နှစ်ယောက်၏လှုပ်ရှားမှုများကို မျက်စိနှင့်တပ်အပ်မြင်လိုက်ရုံသာမက လော့ဝမ်ချွမ်းက ပြုံးကာဖြင့်
ယွမ်ရှင်းကျဲကိုနမ်းနေသည်ကို တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်အကြီးကြီးပေါ်မှာလည်း မြင်လိုက်ကြရသည်။
(အား...အားး..အားးး...အရမ်း ကလူ၏သို့မြူ၏သို့ လုပ်တာပဲ)
(လော့ဝမ်ချွမ်း တကယ်ကြီးပြုံးလိုက်တယ်...သူတကယ်ကြီး ပြုံးလိုက်တာ...)
(အရမ်းချိုတာပဲ...အား...အား...ကျေးဇူးပြုပြီး ချက်ချင်းလက်ငင်းလက်ထပ်ကြပါ...ငါ နင်တို့ကို ဂုဏ်ပြုငွေတချို့ပေးမယ်လေးးး..)
အော်သံများ ပွက်ပွက်ဆူလာ၏။ ဘယ်သူမှ လော့ဝမ်ချွမ်းက ဤသို့ ညင်သာနူးညံ့ပြီး ဆန္ဒပြင်းပြနေသည်ကို မမြင်ဖူးကြသလို ယွမ်ရှင်းကျဲကိုလည်း ယင်းကဲ့သို့ ရှက်သွေးဖြာနေသောအမူအရာနှင့် တစ်ခါမှမမြင်ဖူးကြပါချေ။ အားကစားကွင်းတစ်ခုလုံးက ပန်ရောင် အချစ်ရိပ်အချစ်ငွေ့များဖြင့် ပြည့်နှက်နေဟန်ရှိလေသည်။
သူတို့ ချန်ပီယံစင်မြင့်ထက်မှာရပ်ကာ မိနစ်ဝက်မျှ အထိန်းအချုပ်မဲ့စွာအနမ်းပေးခဲ့ကြ၏။
ဘေးမှာရှိသည့် သူတို့၏အသင်းဖော်များလည်း မျက်လုံးပြူးသွားကြသည်။ ဤမမျှော်လင့်ထားသောမြင်ကွင်းက သူတို့အား ဆုဖလားကိုကိုင်ရမလား မကိုင်ရဘူးလားဆိုသည်ကို မသိတော့ လုနီးပါးပင်။
ထို့နောက်တွင် သူတို့၏အသင်းဖော်များအနေဖြင့် အောင်ပွဲခံသည့်အထဲမှာ ပူးပေါင်းပါဝင်လိုက်ကြပြီး သူတို့အတွက် ချီးကျူးဂုဏ်ပြုကာ ကောင်းချီးဩဘာပေးလိုက်ကြ၏။

DU LIEST GERADE
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasyDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...