Chapter 7
Sue Xing NwayOctober 23, 2022
Chapter 7
ဆိုင်ရှင်က ယွမ်ရှင်းကျဲအား သူ့စီးပွားရေးကိုဖျက်ရန် ပြိုင်ဘက်မှ လွှတ်လိုက်သူတစ်ဦးဟုတွေးလိုက်မိသည်၊
ငေါက်ငမ်းမှုများခံလိုက်ရသည့်တိုင် ယွမ်ရှင်းကျဲမှာ ထွက်မသွားသည့်အပြင် ဆိုင်ရှင်အား မျက်နှာပြောင်တိုက်စွာ စျေးလျော့ပေးရန်တောင်းဆိုနေဆဲပင်၊ သူကမိမိမှာကျောင်းသားဖြစ်ပြီး မက်ခါလိုချင်သော်လည်း ပိုက်ဆံလည်းမရှိ၍ဖြစ်ကြောင်း ပြောပြနေခဲ့သည်။
မူလတွင် ဆိုင်ရှင်မှာ ဤလူငယ်လေးကသူ့အား လှည့်ဖျားရန်ကြိုးစားနေသည်ဟုထင်နေသော်လည်း ထိုကြည်လင်ပြီး စိတ်အားထက်သန်သော မျက်လုံးများနှင့် သူ၏လေသံမှ စိတ်ရင်းကို ခံစားမိလျှင် သဘောထားအနည်းငယ်ပျော့ပြောင်းသွားခဲ့သည်။
ယွမ်ရှင်းကျဲမှာ စကားအများကြီးပြောလိုက်ရသဖြင့် သူ၏လည်ချောင်းမှာခြောက်သွေ့သွားကာ စျေးလည်း ကြယ်ဒင်္ဂါး တစ်သိန်းခွဲအထိကျသွားခဲ့သည်။
နဖူးမှချွေးကိုပွတ်သုတ်ရင်း ဆိုင်ရှင်ကဆိုလာသည်။
"ဒီထက်တော့မလျော့နိုင်တော့ဘူး၊ ငါ့ကိုသနားပါဦးကွာ"ယွမ်ရှင်းကျဲလည်း ထိုစျေးမှာ ဆိုင်ရှင်ပေးနိုင်သမျှနောက်ဆုံးဖြစ်မှန်းသိသည်ပင်။
သို့သော်သူ့တွင်တစ်သိန်းကျော်သာရှိပြီး ၅၀၀၀၀လိုနေသေးသည်၊
အတော်ကြာစဥ်းစားပြီးသည့်နောက်တွင် ယွမ်ယှင်းကျဲ အံကြိတ်လျက် ဆိုင်ရှင်အားပြောလိုက်သည်။
"အိုကေ၊ ၁၅၀၀၀၀ကအတည်နော်၊ ဒါပေမယ့် ကျွန်တော့်မှာလောလောဆယ် အဲလောက်မရှိသေးဘူး၊ ဒီမက်ခါလေးကိုကျွန်တော့်အတွက်သိမ်းထားပေးပါ
နောက်ရက်ထဲကျွန်တော်လာယူမှာ"ဆိုင်ရှင်မှာ လူငယ်လေး၏ ခိုင်မာသောမျက်၀န်းများကိုကြည့်လျက် သူ့မှာ စိတ်ဆိုးနေသင့်ပါသော်လည်း ရယ်သာရယ်မိလျက် "မင်းအတော်စိတ်၀င်စားဖို့ကောင်းတာပဲဟ"

ESTÁS LEYENDO
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasíaDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...