Chapter 164
သေချာသည်ပင်၊ မကြာမီ ယွမ်ရှင်းကျဲဆီသို့ ကြယ်ပျံမက်ခါနှစ်စီးနှင့် မုန်တိုင်းမက်ခါတစ်စီးတို့ ချဥ်းကပ်လာကြသည်။ယင်းမက်ခါသုံးစီးက မြေပြင်အနေအထားကို အခွင့်ကောင်းယူကာ တောင်ကုန်းများကြား၌ပုန်းအောင်းနေပြီး ယွမ်ရှင်းကျဲကို တောင်ခြေလမ်းခုလတ်မှာ တိုက်ချရန်ကြံရွယ်နေကြ၏။
ယွမ်ရှင်းကျဲ၏မက်ခါအသစ်ပေါ်လာသည်နှင့် ဘက်ပေါင်းစုံ ကောင်းကင်ယံထက်မှ တလက်လက်တောက်ပနေသော နေ့အလင်း ကြယ်ပျံများကဲ့သို့ အမြောက်မိုးများရွာချလာခဲ့သည်။
ယွမ်ရှင်းကျဲက တီးတိုးရေရွတ်လိုက်၏။
"ဒီပစ်ခတ်အားက.....ငါ့ကိုဘယ်လောက်တောင်မုန်းနေတာလဲ"
တစ်ချိန်တည်းတွင် နိုရာ၏မုန်တိုင်းမက်ခါက ယွမ်ရှင်းကျဲ၏ထူးဆန်းသော လက်သီးအမြောက်တိုက်ခိုက်မှုကနေကာကွယ်ရန်အတွက် ရှေ့မှာ ဒိုင်းတစ်ခုဖွင့်လိုက်သည်။
"နောက်ဖန်ရှင်ကို ပြရမဲ့အချိန်ပဲ"
ထိုစကားပြီးပြောပြီးနောက် အမြောက်ဆံအထူဆုံးနေရာကို ယွမ်ရှင်းကျဲတွေ့သွားပြီး အလင်းဓားနှစ်ချောင်းကိုဆွဲထုတ်လိုက်၏။
ပရိသတ်တွေ နောက်တစ်ကြိမ်ထပ်ပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ယွမ်ရှင်းကျဲက မပုန်းဘူး...သူကသေဖို့တောင်းဆိုနေတာလားဟ..
သို့သော်...
နိုရာစစ်တက္ကသိုလ်၏ပြိုင်ပွဲဝင်များ ယွမ်ရှင်းကျဲက ရုန်းကန်ရန်အတွက် လက်လျော့လိုက်ပြီဟုတွေးလိုက်စဥ်မှာပင် ယွမ်ရှင်းကျဲက အလင်းဓားနှစ်ချောင်းကို သူ့ရှေ့မှာ ကန့်လန့်ဖြတ်ထားလိုက်၏။
ထိသွားသည်နှင့် အလင်းဓားနှစ်ချောင်းဆီကနေ တလက်လက်တောက်ပမှုတစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး ၎င်းနောက် တခဏတွင်းချင်း ကျောက်သားကဲ့သို့ခိုင်မာတောင့်တင်းသော အကာအကွယ်ကွန်ယက်အဖြစ် ဖွဲ့စည်းလာခဲ့သည်။
"ငါ မင်းတို့အကုန်လုံးကိုခံစားခွင့်ပေးမယ်..."
ယွမ်ရှင်းကျဲ နှုတ်ခမ်းပင့်ကာဖြင့် ကောင်းကင်အပြည့် အမြောက်ဆံများကို မတုန်မလှုပ်ရင်ဆိုင်လိုက်ရင်း...

YOU ARE READING
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasyDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...