Chapter 126
ယွမ်ရှင်းကျဲ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
ကြည့်ရတာ သူ့လက်ရေးမူကြမ်းတွေကို ရှာတွေ့သွားကြပြီထင်တယ်...
" အဲ့ဒါတွေက အသုံးမဝင်ပါဘူး... စိတ်စွမ်းအားတိုးစက်ရဲ့ ကိန်းညွှန်းတိုးလာဖို့ကို သိပ် အကူအညီမဖြစ်ဘူး..."
ယွမ်ရှင်းကျဲ တည်ငြိမ်စွာပင်ပြောလိုက်သည်။
" အကူအညီမဖြစ်ဘူးတဲ့လား... ဒါဆိုရင် မင်းမှာပိုကောင်းတဲ့နည်းလမ်း ရှိနေပြီပေါ့..."
မင်ရှောင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ချန်းယွမ်အပါအဝင် အားလုံးက ယွမ်ရှင်းကျဲကို စိုက်ကြည့်နေကြသည်။
အားလုံးရှေ့မှာပင် ယွမ်ရှင်းကျဲက ခေါင်းကိုတဖြည်းဖြည်း ငြိမ့်ပြလိုက်သည်။
" ဟုတ်တယ် ကျွန်တော့်ဓာတ်ခွဲခန်းထဲက စင်ဘေးကဗီရိုထဲမှာ စိတ်စွမ်းအားတိုးမှုကိန်းညွှန်းနိမ့်တဲ့ ချိတ်ဆက်ကိရိယာတစ်ခုရှိတယ် အဲ့ဒါနဲ့စမ်းကြည့်ပါလား..."
လူအုပ်ကြီးက ထိုနေရာတွင်ပင် အေးခဲတောင့်တင်းသွားသည်။
သုတေသနဌာနက စမ်းသပ်ချက်တွေ ရက်ပေါင်းများစွာလုပ်ပြီး အလုပ်ရှုပ်နေခဲ့တာတောင် ဘာမှ မတိုးတက်လာပေမယ့် ယွမ်ရှင်းကျဲက ချိတ်ဆက်ကိရိယာတစ်ခုတောင် လုပ်ပြီးပြီတဲ့လား...
ချန်းယွမ်က မသေမချာဖြစ်နေဟန်ဖြင့် မေးလိုက်သည်။
" အဲ့ဒါက... စိတ်စွမ်းအားတိုးစေတဲ့ ဦးနှောက်ချိတ်ဆက်ကိရိယာလား..."
" တခြားဟာ ရှိသေးလို့လား ဆရာရဲ့..."
ယွမ်ရှင်းကျဲ မျက်ခုံးပင့်လိုက်သည်။
" ကျွန်တော့်ကို ဓာတ်ခွဲခန်းငှားလို့ ကျေးဇူးတင်တဲ့အနေနဲ့ အဲ့ဒါကို ငွေတစ်ပြားတစ်ချပ်မှ မယူပဲ ငှားလိုက်ပါ့မယ်..."
အားလုံးက ယွမ်ရှင်းကျဲ၏ ဓာတ်ခွဲခန်းထဲသို့ အပြေးတစ်ပိုင်းဝင်သွားကြသည်။ ယူဂျင်းက ဓာတ်ခွဲခန်းအကြောင်းသိသူဖြစ်၍ black box ချိတ်ဆက်ကိရိယာကို ရှာတွေ့သွားသည်။

ESTÁS LEYENDO
အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)
FantasíaDescription မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်ပြီး ဘာသာပြန်သူတွေကလည်း IQ team က မင်မင်တွေပဲဖြစ်ပါကြောင်း နဲ့ ဒီစာစဥ်ကို အဇူး မပိုင်ပါဘူးဆိုတဲ့အကြေ...